အခြေခံပညာကလေးတွေအတွက်ကျောင်းမသွားရခြင်းက ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးအပြင် နိုင်ငံတွင်း ပဋိပက္ခဖြစ်စဥ်တွေ၊ မတည်ငြိမ်မှုတွေကြောင့် ကလေးတွေဟာ စာသင်ခန်းတွေနဲ့ ဝေးကွာနေတာ ၂ နှစ်နီးပါးရှိလာပါပြီ။

Photo: UNICEF Myanmar

တည်ငြိမ်မှုမရှိတဲ့ဒေသတွေ၊ ပဋိပက္ခဖြစ်စဥ်တွေ ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးတဲ့ဒေသတွေ၊ ကပ်ရောဂါကြောင့် နလန်မထူနိုင်တဲ့ဒေသတွေစတဲ့ တစ်နိုင်ငံလုံးလိုလိုမှာ ဖြစ်စဥ်အမျိုးမျိုးတွေကြောင့် ကလေးငယ်တွေရဲ့ပညာရေးဟာ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ မတိုင်ခင်နဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း လက်ရှိအကြပ်အတည်း မတိုင်ခင်မှာပင် မြန်မာနိုင်ငံရှိကလေးသူငယ်များအနေနဲ့ ပညာသင်ယူနိုင်မှုနဲ့ပတ်သက်ပြီး ကြီးမားတဲ့အတားအဆီးတွေကို ကြုံတွေ့နေခဲ့ပြီးသားဖြစ်တယ်လို့ UNICEF Myanmar ကထုတ်ပြန်ထားတဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါတယ်။ 

ကဆိုပါတယ်။

Photo: UNICEF Myanmar

ပညာသင်ယူခွင့်ဆုံးရှုံးမှုကြောင့် အကျိုးသက်ရောက်မှု

ကာလကြာရှည်ပညာသင်ခွင့်မရတာဟာ ကလေးတွေရဲ့အနာဂတ်ကို ပျက်စီးစေနိုင်တယ်လို့ UNICEF Myanmar အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ကလေးတွေ

ညာသင်ယူနိုင်မှုကိုဆုံးရှုံး လိုက်ရခြင်းအကျိုးဆက်တွေအနေနဲ့ သူတို့ရဲ့ဖွံ့ဖြိုးမှု၊ စိတ်ကျန်းမာရေးနှင့် အနာဂတ်အလားအလာများအတွက် အကြီးအကျယ်သက် ရောက်မှုကြီးထွားစေနိုင်တယ်လို့ UNICEF Myanmar က ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင်ကလေးတွေ ပညာသင်ယူခွင့် ဆုံးရှုံးမှုက ကလေးတွေမှာတင် အကျိုးသက်‌ရောက်မှု ရှိနိုင်တာမဟုတ်ပါဘူး။ မိဘ၊ လူမှုပတ်ဝန်းကျင်၊ နိုင်ငံအတွက်ပါ ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ ပညာသင်ခွင့်မရတာကြောင့် ချက်ချင်း ထင်သာမြင်သာတဲ့ အကျိုးသက်‌ရောက်မှု ဖြစ်‌စေနိုင်တာမဟုတ်ပါဘူး။ ရေရှည်မှာ အကျိုးသက်ရောက်မှုက နိုင်ငံတကာနဲ့ မယှဥ်နိုင်တော့တာ၊ ငွေကြေးတစ်ခုတည်းတင်မဟုတ်ဘဲ လူနေမှုအဆင့်အတန်းနိမ့်ကျလာတာ၊ အငုံ့စိတ်လို့ ဆိုနိုင်တဲ့ အခြားသူတွေနဲ့ မယှဥ်ရဲ့တော့တာ စတဲ့အကျိုးသက်‌‌ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ Nway Oo Homeschoolingက ဆိုပါတယ်။

ပညာသင်ယူခွင့်ဆုံးရှုံးခြင်းကြောင့် ကျောင်းသားလူငယ်များရဲ့ ပန်းတိုင်များပျောက်ဆုံး

ကိုဗစ်ကပ်ကြောင့် ၁၂ သန်းနီးပါး ကလေးငယ်များနှင့် လူငယ်များ ပညာသင်ယူခြင်းကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီးသလို COVID-19 ကြိုတင်ကာကွယ်ရေး အစီအမံများကြောင့် ကျောင်းများ ဆက်လက်ပိတ်ပစ်လိုက်တဲ့အတွက် ကလေးအများစုဟာ သင်ယူမှုကို လက်လှမ်းမမီနိုင်တော့တာတွေ ဖြစ်လာတယ်လို့ UNICEF Myanmar ကဆိုပါတယ်။ ကလေးတွေရဲ့ ရည်မှန်းချက်များကို ဖျက်ဆီးခြင်း၊ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် မျှော်လင့်ခြင်းတွေကို ဖျက်ဆီးခြင်း ခံနေရဆဲဖြစ်တယ်လို့ UNICEF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခြေခံပညာကလေးတွေအတွက်ကျောင်းမသွားရခြင်းက ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း ငွေကုန်ကြေးကျ သိပ်မများဘဲ မိမိကလေး ပညာရေးအတွက် ကလေးကောင်း ရာကောင်းကြောင်းကို ပို့ထားဖို့ ကျောင်းစာသင်ခန်းမရှိဘဲ ဖြစ်သွားပါတယ်။ ဒီထဲမှာ ပညာ‌‌ေရးအိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အထဲမှာ ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေကတော့ အဆိုးဆုံးပါပဲ။ ၉ တန်း၊၁၀ တန်းအရွယ်၊ တက္ကသိုလ်တက်ခါစအရွယ်၊ ကျောင်းပြီးခါစအရွယ် စတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေမှာ သူတို့ ရည်မှန်းထားတဲ့ ပန်းတိုင်လေးတွေ ပျောက်ဆုံးသွားတာမျိုး ဖြစ်ပါတယ်။ 

“ ဒါပေမယ့် ကျောင်းသားလူငယ်လေးတွေအနေနဲ့ သင်ကြားခြင်းကို ရပ်တန့်လိုက်တာမျိုးမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို အိမ်မှာပဲ သင်ယူလေ့လာသင်ယူခြင်းတွေ ရှိဖို့လိုအပ်ပါတယ်။” လို့ Nway Oo Home Schooling က အကြံပြုပါတယ်။

Photo: UNICEF Myanmar

ကလေးတွေမှာ ပညာရေးအခွင့်အလမ်းမဆုံးစေဖို့ ဘယ်သူတွေမှာတာဝန်ရှိလဲ

ပညာ‌ရေးလို့ ပြောလိုက်ရင် စာသင်တာတစ်ခုတည်းမဟုတ်ဘူးဆိုတာကို မိဘတွေကို အသိပညာပေးဖို့တော့ လိုအပ်ပါတယ်။ ဘဝမှာ သိသင့်သိအပ်တဲ့ အရာတွေကို ဒီလိုအချိန်မှာ သင်ပေးထားလို့ ရတယ်ဆိုတာကို မိဘတွေကို အသိပညာပေးဖို့ လိုအပ်နေသေးတယ်လို့ Nway Oo Homeschoolingက ဆိုပါတယ်။

“ အခြေခံပညာမှာဆို ၃ ခု ရှိပါတယ်။ မိဘ ဆရာ ကျောင်းသားပေါ့နော်။ ၃ ခုလုံးကို အသိပညာပေးနိုင်ဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ ဒီလိုအသိပညာပေးနိုင်ဖို့ အားနည်းနေသေးတဲ့အတွက် လက်ရှိအခြေအနေမှာ ကလေးတွေက ကျောင်းမတတ်ရရင် ဘာလုပ်ရမလဲဆိုတာကို မိဘကမသိနေတာလည်း ရှိသေးတယ်။ ဒါ့အပြင် ဆရာ ဆရာမတွေအနေနဲ့လည်း ကလေးတစ်ယောက် ရဲ့ ပညာသင်ခွင့် မဆုံးရှုံးဖို့အတွက် ဆရာတစ်ယောက်က ဘာတွေလုပ်ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ အခြေခံပညာဆရာ ဆရာမတွေအနေနဲ့ သိမှု အားနည်းနေသေးတာ တွေ့ရတယ်။ မိဘရော ဆရာ‌ပါ ကလေးတွေ ကျောင်းမတတ်ရဘဲ ပညာဘယ်လိုပေးနိုင်မလဲဆိုတာကို သိမယ်ဆိုရင်ကလေးတွေ ပညာသင်ခွင့်အခွင့်အလမ်း ဆိုးဆိုးဝါးဝါးဆုံး ရှုံးမှုမဖြစ်နိုင်ပါဘူး။” လို့ Nway Oo Homeschoolingက ဆိုပါတယ်။


Share

Loading Next Article...
က္က