ကလေးသီးသန့် Cyberquad

မြန်မာငွေ ၃၅ သိန်းဝန်းကျင်ဈေးနဲ့ Tesla အမှတ်တံဆိပ် လမ်းကြမ်းစီး Cyberquad ယာဉ်ကို ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Cyberquad ဟာ ကလေးတွေအတွက် ရည်ရွယ်ပြီး အထူးထုတ်ထားတဲ့ လေးဘီးတပ်လမ်းမျိုးစုံစီး ATV ယာဉ်တစ်မျိုး ဖြစ်ပြီး အများဆုံးပေါင် ၁၅၀ အထိ weight ကို သယ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ဒေါ်လာ ၁၉၀၀ တန် Cyberquad ဟာ Full-Steel ဖရိမ် ၊ ကူရှင်ခုံနဲ့ လမ်းကြမ်းတွေမှာ မထိခိုက်အောင် အနိမ့်အမြင့် ချိန်ညှိနိုင်မယ့် Suspension စနစ်နဲ့ နောက်ဘက် Disk ဘရိတ်စနစ် ၊ LED အလင်းဘားတန်းတွေ သုံးထားပါတယ်။ 



Photo: CNET

Tesla ရဲ့ ဝက်ဘ်ဆိုက်မှာတော့ Cyberquad ATV ယာဉ်ဟာ အသက် ၈ နှစ်နဲ့အထက် ကလေးငယ်တွေ စီးနင်းနိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဒီဇိုင်းပိုင်းမှာ နာမည်ကျော် Tesla ရဲ့ ခေတ်ရှေ့ပြေး pickup truck တစ်မျိုးဖြစ်တဲ့ Cybertruck ဒီဇိုင်းယူပြီး ပြန်ဆန်းသစ်ထားတာပါ။ လစ်သီယံအိုင်ယွန်း ဘက်ထရီစွမ်းအင်သုံး ATV ယာဉ်ဖြစ်ပြီး Cyberquad ရဲ့ ဘက်ထရီဟာ ၁၅ မိုင်အထိ မောင်းနိုင်မယ်လို့ ဆိုပါတယ်။ 


တစ်ခါအားသွင်းဖို့အတွက် ကြာချိန်က ၅ နာရီခန့်ရှိပြီး အမြင့်ဆုံး မြန်နှုန်း Top Speed ၁ နာရီ ၁၀ မိုင်နှုန်းအထိ မောင်းနိုင်မယ်လို့ ဆိုပါတယ်။ ကလေးတွေ ဘေးကင်းဖို့အတွက် အမြင့်ဆုံး Speed ကို ၅ မိုင်နှုန်း သတ်မှတ်ထားနိုင်အောင်လည်း စီစဉ်ထားပါတယ်။ Tesla Cyberquad တစ်စီးကို ဒေါ်လာ ၁၉၀၀ (မြန်မာငွေ ၃၅ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်လို့ Tesla ယာဉ်တွေထဲမှာ ဈေးအသက်သာဆုံးလို့ ပြောရမှာပါ။ 


Cyberquad ယာဉ်ကို အော်ဒါမှာနိုင်ကြောင်း ကြေညာပြီး နာရီပိုင်းအတွင်းမှာ ပစ္စည်းပြတ်သွားပြီ ဖြစ်ကြောင်း Tesla ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အော်ဒါမှာထားသူတွေအတွက် Cyberquad ယာဉ်ကို ၂ ပတ်ကနေ ၄ ပတ်အတွင်း ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က