ကလေးဘဝမှာ လူတိုင်းနီးပါးမိုးရေချိုးဖူးကြမှာပါနော်။ ငယ်ငယ်ကတော့ စိတ်ပျော်ရွှင်မှုအတွက်နဲ့ ကလေးသဘာဝ ကစားချင်စိတ်တွေနဲ့ မိုးရေချိုးကြတာဖြစ်ပြီး အကျိုးကျေးဇူးအနေနဲ့ မိတ်ပျောက်တယ်ဆိုတာလောက်ကိုသာ လူအများစုက သိထားကြတာပါ။ ဒါပေမယ့် မိုးရေချိုးခြင်းအကျိုးက အားလုံးထင်တာထက်ကိုပိုပြီးကောင်းမွန်မှုတွေရှိနေပါသေးတယ်။
အခုဆိုရင် မိုးရာသီလည်းရောက်နေပြီဆိုတော့ မိုးရေချိုးခြင်းရဲ့အကျိုးကျေးဇူးတွေကို သိရှိစေဖို့အတွက် မျှဝေပေးချင်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ ဆံပင်
Photo: Flare
မိုးရေက သင့်ရဲ့ဆံပင်ကို ကျန်းမာသန်စွမ်းစေပြီး သဘာဝနည်းအတိုင်းသန့်စင်ပေးပါတယ်။ မိုးရေမှာပါဝင်တဲ့ သဘာဝ အယ်လ်ကာလိုင်းဓာတ်က ဦးရေပြားမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။
မိုးရေထဲမှာ ရေချိုးပေးခြင်းက မွဲခြောက်နေတဲ့ဆံကေသာကို ပြန်လည်ရှင်သန်စေပြီး တောက်ပြောင်စေပါတယ်။ တစ်ခု သတိထားရမှာက မိုးရေထဲမှာရေချိုးပြီးရင်တော့ Shampoo အပျော့စားတစ်မျိုးမျိုးနဲ့ ခေါင်းပြန်လျှော်ပေးပါ။
ဗီတာမင် ဘီ-၁၂ (Vitamin B12)
မိုးရေက PH အယ်လ်ကာလိုင်းပါဝင်တဲ့အတွက် ပေါ့ပါးစေပြီး သင့်စိတ်ကိုလန်းဆန်းတက်ကြွစေတဲ့ စွမ်းအင်ရှိပါတယ်။ မိုးရေမှာ ဗီတာမင် ဘီ-၁၂ (Vitamin B12) ကို ထုတ်လုပ်ပေးနိုင်တဲ့ ဇီဝဓာတ်များစွာပါဝင်ပါတယ်။
၁၀မိနစ်(သို့) ၁၅မိနစ်လောက် မိုးရေချိုးပေးမယ်ဆိုရင် ဗီတာမင်-အေ ဓာတ်ကိုလည်းရရှိစေနိုင်ပါတယ်။ ဒါပေမယ့် အအေးမပတ်စေဖို့နဲ့အရေပြားသန့်ရှင်းရေးအတွက် ဆပ်ပြာနဲ့ရေအမြန်ပြန်ချိုးပေးဖို့လိုအပ်ပါတယ်။
နားပိုးဝင်ခြင်းနဲ့နားကိုက်ခြင်းကို ကာကွယ်ပေးတယ်
Photo: Pinterest
မိုးရေက ခန္ဓာကိုယ်အတွက် ဟော်မုန်းမျှတမှုကို ထိန်းညှိုပေးနိုင်သလို နားပြဿနာတွေဖြစ်တဲ့နားပိုးဝင်ခြင်း၊ နားကိုက်ခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုသလို မိုးရေထဲမှာ အချိန်အကြာကြီးဖြုန်းနေမယ်ဆိုရင်လည်း အအေးမိစေနိုင်တဲ့အတွက် ၁၀မိနစ်/၁၅မိနစ်လောက်မိုးရေချိုးပြီး ရေစင်အောင်ပြန်ချိုးပြီး နွေးနွေးထွေးထွေးနေဖို့တော့လိုပါတယ်။
အဖုအပိန့်တွေကို သက်သာစေပါတယ်
စေးကပ်တဲ့နွေရာသီမှာ အပူနဲ့ဖုန်တွေက ယားယံပြီးနာကျင်တဲ့ အဖုအပိန့်တွေထွက်စေပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ မိတ်ဖုပြဿနာကို မိုးရေချိုးလိုက်ရင်သက်သာစေတယ်ဆိုတာ အားလုံးသိကြပါတယ်။
ချွေးထွက်များခြင်းက မိတ်ဖုလိုပြဿနာမျိုးကိုဖြစ်ပွားစေတာပါ။ မိုးရေက ခန္ဓာကိုယ်ကို အေးမြစေရုံသာမက ယားယံခြင်းကိုလည်းကုသပေးနိုင်ပါတယ်။ မိုးရေက အရေပြားအပူချိန်ကို မျှတစေပြီး အဖုအပိန့်တွေကို သက်သာစေနိုင်ပါတယ်။
ပျော်ရွှင်စေတယ်
Photo: Flare
မိုးရေက လူ့ခန္ဓာကိုယ်အတွက် ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ မိုးရေထဲမှာ ဆော့ကစားရခြင်းကို အလွန်ပျော်ရွှင်ကြတာပါ။
ဟော်မုန်းဓာတ်တွေကြောင့် စိတ်ဖိစီးမှုကိုပြေလျော့စေပြီး ချက်ချင်းပျော်ရွှင်စေနိုင်ပါတယ်။ ကမ္ဘာကြီးရဲ့စိုးရိမ်ပူပန်မှုတွေကနေကင်းဝေးချင်တယ်ဆိုရင်တော့ ကလေးတစ်ယောက်လို မိုးရေထဲပြေးထွက်ပြီး မိုးရေချိုးလိုက်ပါ။
Ref: Herzindagi.com
Share