မိခင်စိတ်နဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့ မိဘမဲ့ ဂေဟာမှာ ရှိတဲ့ ကလေးတွေနဲ့ ဝန်ထမ်းတွေအတွက် အာမခံချက်လေး တစ်ခု ရအောင် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
Photo : ခိုင်နှင်းဝေ FB
သရုပ်ဆောင်ခိုင်နှင်းဝေဟာ ဂေဟာမှာ ရှိတဲ့ ကလေးတွေနဲ့ ဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီး သူမရဲ့ အသက်ကို အာမခံ ထားခဲ့တာ ဖြစ်ပါတယ်။ လစဥ် အာမခံကြေးကို သူမအနေနဲ့ သွင်းပေးသွားမှာဖြစ်ပြီး သူမမရှိတော့တဲ့ နောက် ရရှိလာမယ့် အာမခံငွေကြေးပေါင်း သိန်း၁၀၅၀၀ ကျပ် တိတိကို ကလေးတွေနဲ့ ဂေဟာမှာ ရှိတဲ့ ဝန်ထမ်းတွေအတွက် ပေးအပ်ခဲ့မှာ ဖြစ်တယ်ဆိုပြီး ပြောထားပါသေးတယ်။ သူမရဲ့ ပီတိလေးကိုလည်း ပရိသတ်တွေနဲ့ အလှူရှင်တွေ တွေ့မြင်နိုင်အောင် ဒီနေ့နံနက်ပိုင်းက သူမရဲ့ လူမှုကွန်ယက်ကနေ မျှဝေပေးခဲ့တာပါ။
“ပီတိလေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။ ကျွန်မ တိမ်းပါးသွားရင် ဖြစ်စေ...မသန်စွမ်းဖြစ်သွားခဲ့လျှင် ဖြစ်စေ ကျွန်မရဲ့ ဂေဟာ၊ ကျွန်မ ကလေးတွေ ရှေ့ရေး၊ ကျွန်မရဲ့ ဝန်ထမ်းများ အားလုံး အတွက် ရည်ရွယ်ပြီးကျွန်မရဲ့ အသက် အာမခံကို "KBZ LIFE" မှာ အာမခံကြေး သိန်းပေါင်း (၁၀၅၀၀) ကျပ်တိတိဖြင့် ဝယ်ယူဖြစ်ခဲ့ပါတယ်..။ဒီ အာမခံကြေးရရှိငွေ အားလုံး တပြား တကျပ် မကျန်ကိုလဲကျွန်မရဲ့ ဂေဟာ အသင်းအဖွဲ့ အတွက် အဆိုပြု ပေးအပ်ထားပါတယ်၊ ကျွန်မ ကျန်းမာရေးများကိုလဲ အသေးစိတ် စစ်ဆေးခံခြင်း၊ အာမခံကြေးများကိုလဲ လစဉ်ပေးသွင်းခြင်းများ အားလုံးကိုလဲ ဆက်လက်ဆောင်ရွက်ရင်း ကျွန်မရဲ့ ပီတိလေးများကို မျှဝေပေးဖြစ်ပါတယ်ရှင်” သူမက ဆိုပါတယ်။
Photo : ခိုင်နှင်းဝေ FB
ခိုင်နှင်းဝေ(Khine Hnin Wai )ဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေးတွေကို မွေးစားထားတာ မိခင်ရင်းသဖွယ် စောင့်ရှောက်ပေးနေသူ တစ်ယောက်ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေ အလုပ်တွေများနေပေမယ့်လည်း သူမရဲ့ ပရိသတ်တွေအတွက်ကိုလည်း သူမရဲ့ အနုပညာအလုပ်တွေကို စဥ်ဆက်မပျက် တင်ဆက်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။