ပြီးခဲ့တဲ့ ‌အောက်တိုဘာလကလည်း ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။.

WhatsApp မှာ Group ဖွဲ့ပြီး ကလေးငယ်များရဲ့ လိင်မဖွယ်မရာ ဓါတ်ပုံနဲ့ တစ်ခြား လူမှုကွန်ရက်စံကို ချိုးဖောက်တဲ့ အကြောင်းအရာများ တင်မှုနဲ့ ဆက်စပ်ပြီး ကမ္ဘာအနှံ့က လူပေါင်း ၃၃ ဦးကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ကြေညာပါတယ်။

အဖမ်းခံရသူတွေဟာ တိုက်ကြီး ၃ တိုက်မှာ ရှိတဲ့ နိုင်ငံ ၁၁ နိုင်ငံက ဖြစ်ပြီး ဒီထဲက ၁၇ ဦးဟာ စပိန်က ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ စပိန်မှာ ဖမ်းဆီးခံထားရသူတွေအများစုဟာ အသက် ၁၈ နှစ်အောက် ဖြစ်ကြပြီး အသက် ၁၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးလည်း ပါရှိတယ်လို့ ဆိုပါတယ်။


Photo: SCMP

ဥရုဂွေးမှာ ဒီအမှုနဲ့ ဖမ်းမိထားတဲ့ တရားခံ ၂ ဦးထဲက တစ်ဦးက သမီးမအေ ဖြစ်ပြီး သူမသမီးရဲ့ မဖွယ်မရာပုံတွေကို group မှာ ပြန်မျှဝေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဖမ်းခံရသူတွေထဲက အသက် ၂၉ နှစ်အရွယ် အမျိုးသားကတော့ ပုံတွေကို download ဆွဲခဲ့တဲ့အပြင်group members တွေကိုလည်း မိန်းကလေးငယ်လေးတွေနဲ့ ချိတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စပိန်ရဲတပ်ဖွဲ့ဟာ အီးမေးလ်နဲ့ တိုင်စာတစ်စောင်ရပြီးနောက် ဒီအဖွဲ့ကို နှစ်နှစ်ကျော်ကြာ စုံစမ်းထောက်လှမ်းမှုတွေ လုပ်နေတာပါ။ ဒီ WhatsApp အဖွဲ့အကြောင်း Europol ၊ Interpol ၊ အီကွေဒေါနဲ့ ကော်စတာ ရီကာ ရဲတပ်ဖွဲ့တို့အကူအညီနဲ့ ဖမ်းဆီးခဲ့ပါတယ်။ စပိန်နဲ့ ဥရုဂွေးမှာအပြင် ယူကေ ၊ အီကွေဒေါ ၊ ကော်စတာရီကာ ၊ ပီရူး ၊ အိန္ဒိယ ၊ အီတလီ ၊ ပြင်သစ် ၊ ပါကစ္စတန်နဲ့ ဆီးရီးယားတို့မှာလည်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပါတယ်။

" ကလေးသူငယ်များအပေါ် လိင်စိတ်တိမ်းညွတ်မှုအကြောင်းအရာ ၊ တစ်ခါတစ်လေမှာ အလွန်တရာဆိုးဝါးပြင်းထန်တဲ့ အကြောင်းအရာတွေ ပါဝင်ပြီး အရွယ်မရောက်သေးသူများအတွက် မသင့်တော်တဲ့ အကြောင်းအရာများ မျှဝေတာကြောင့်" ဒီgroup ရဲ့ အဖွဲ့ဝင်တွေ ကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Photo: indiatoday

လူမှုကွန်ရက်ပေါ် ကလေးငယ်မဖွယ်မရာ ပုံနဲ့ ရုပ်သံတွေ ဖြန့်ခြင်းအတွက် သက်ဆိုင်ရာ အာဏာပိုင်များမှ ဆက်တိုက်အရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ကမ္ဘာ့အကြီးဆုံး မှောင်ခို dark web ကလေး porn ဈေးကွက်ကို အာဏာပိုင်များက ဖယ်ရှားခဲ့ပြီး နိုင်ငံ ၃၈ နိုင်ငံက သံသယရှိသူ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

WhatsApp ရဲ့ မိခင်ကုမ္ပဏီ Facebook သူ့ရဲ့ ပလက်ဖောင်းပေါ်မှာ အဝတ်ဗလာနဲ့revenge porn ပုံတွေ နဲ့လိင်ပိုင်းခြိမ်းခြောက်မှုများ ဖယ်ရှားဖို့နည်းလမ်းအမျိုးမျိုး သုံးနေပြီး အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က