Tesco က ပေါင် ၁၅သန်း တန်ဖိုးရှိတဲ့ အစားအစာများ၊ Asda က ငွေသားပေါင် ၂.၅ သန်းနဲ့ Co-op က ပေါင် ၁.၅သန်းတန်ဖိုးရှိ အစားအစာတွေကူညီပေးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာဒေသတွင်းက ကလေးငယ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျွေးမွေးနိုင်ဖို့အတွက် အလှူငွေကောက်ခံခဲ့ရာမှာ ပေါင်သန်း ၂၀ အထိရရှိခဲ့တယ်လို့ သိရပါတယ်။ FareShare ပရဟိတအဖွဲ့ကို ရက်ရှ်ဖို့ဒ်က ကူညီပေးခဲ့တာဖြစ်တယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။
အစောပိုင်းမှာ အလှူငွေရရှိမှုနည်းပါးခဲ့ပေမယ့်လည်း Tesoc, Co-op နဲ့ Asda အစရှိတဲ့ ကုမ္ပဏီတွေက ကူညီပေးခဲ့လို့ အခုလိုအမြောက်အမြားရရှိခဲ့တာလို့လည်း ရက်ရှ်ဖို့ဒ်က ပြောဆိုသွားခဲ့ပါတယ်။ Tesco က ပေါင် ၁၅သန်း တန်ဖိုးရှိတဲ့ အစားအစာများ၊ Asda က ငွေသားပေါင် ၂.၅ သန်းနဲ့ Co-op က ပေါင် ၁.၅သန်းတန်ဖိုးရှိ အစားအစာတွေကူညီပေးခဲ့တာဖြစ်ပါတယ်။
"ပထမတော့ ကောက်ခံရရှိမှုက နည်းပါးခဲ့ပါတယ်၊ ဒါပေမယ့် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့လို့ ရက်အနည်းငယ်အတွင်းမှာ ပေါင်တစ်သိန်းအထိရရှိခဲ့ပြီးတော့ တစ်ပတ်ပြီးတစ်ပတ် ကိန်းဂဏန်းတွေက မြင့်တက်လာခဲ့ပါတယ်၊ မျှော်လင့်ထားတာထက် ပိုပြီးတော့ရရှိခဲ့ပြီး လူတွေဆီအစားအသောက်ဝေငှဖို့ ပို့ဆောင်ရေးပိုင်း အခက်တွေ့ခဲ့ရပါတယ်"
"ဒါပေမယ့် Tesco, Co-op နဲ့ Asda တို့လို ကုမ္ပဏီကြီးတွေက ဝင်ရောက်လာခဲ့ပြီး အကြီးအကျယ်ကူညီပေးခဲ့ပါတယ်၊ အဲဒီအရာတွေအပြင် သူတို့ကိုယ်တိုင်လည်း များပြားတဲ့အလှူငွေတွေ ထည့်ဝင်ခဲ့ကြပါတယ်၊ ကျွန်တော့်အထင်တော့ ပေါင်သန်း ၂ဝလောက် ရှိသွားပါပြီ၊ အဲဒါက ကြီးမားတဲ့ကိန်းဂဏန်းတစ်ခုပါပဲ၊ ကျွန်တော့်ကိုယ်ပိုင်ငွေကြေးအနည်းငယ်ကို ထည့်ဝင်ပြီးနောက်မှာ ပေါင်ငါးသောင်း၊ ခြောက်သောင်းလောက်ရှိသွားခဲ့ပါတယ်"
"နောက်နှစ်ရက်အကြာမှာ ပေါင်တစ်သိန်းလေးသောင်း၊ နောက်တစ်ပတ်မှာ ပေါင်၆သန်း၊ ၇ သန်းအထိ ဖြစ်ခဲ့ပြီး ကုမ္ပဏီကြီးတွေ ဝင်လာခဲ့ပြီးနောက် ၂ရက်၊ ၃ရက်အတွင်းမှာပဲ သန်း ၂၀ လောက်ဖြစ်သွားပါတယ်၊ ဒီဘေးဆိုးကြီးက ဘယ်လောက်ထိကြာမလဲမသိပါဘူး၊ ပြီးခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ကလည်း ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ကလေးဘဝမှာလည်း သက်ရောက်မှုခံခဲ့ရမယ်လို့ စဉ်းစားပြီး အခုလိုကူညီခဲ့တာပါ" လို့ ရက်ရှ်ဖို့ဒ်က ဖွင့်ဟသွားခဲ့ပါတယ်။