မိဘတွေဟာ ကလေးတစ်ယောက်မွေးလာပြီဆိုတာနဲ့ သူတို့မှာ အရင်ကထက် စိတ်ဖိစီးမှုတွေ ပိုပြီးများပြားလာကြတာတွေ့ရပါတယ်။

မိဘဆိုတာ ကိုယ့် ရင်သွေးနဲ့ပတ်သက်ပြီး အရာရာစိုးရိမ် စိတ်လွန်ကဲတာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ရပါတယ်။ ကိုယ့်ရင်သွေးကို ချစ်လွန်းအားကြီးတဲ့ စိတ်နဲ့ အထိအခိုက်မခံလိုတဲ့စေတနာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ရသလို တစ်ခြား အကြောင်းအရာတွေကြောင့်လည်း မိဘတွေဟာ ကလေးတွေ ကြောင့် စိတ်ဖိစီးမှု ဖြစ်ရပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့် မိခင်တွေစိတ်ဖိစီးရခြင်း

Photo: UGA Today

ကလေးတစ်ယောက် ယူဖို့ ကြိုးစားကြပြီဆို မိခင်နဲ့ဖခင်မှာ မိခင်က ပိုပြီး စိတ်ဖိစီးမှုများရတယ်လို့ ဆိုနိုင်ပါတယ်။ မိခင်တွေဆိုတာ ကိုယ်ဝန်ဆောင်ဘဝကတည်းက စိတ်ဖိစီးမှုတွေ ဖြစ်ရသလို မွေးဖွားပြီးသည်အထိ အဲဒီစိတ်ဖိစီးမှုတွေ ကသယ်ဆောင်သွားပါတယ်။ အမျိုးသမီးတွေဟာ ကလေးမွေးပြီး တစ်နှစ်အတွင်းကာလက မီးနေသည်အချိန်ပဲဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ဖိစီးမှုတွေ စိတ်ကျရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။  သုတေသနတွေအရ မီးနေသည်ဘဝမှာ အမျိုးသမီးတွေတင်မကပါဘူး။ အမျိုးသားတွေမှာပါ စိတ်ဖိစီးမှု ရစေတယ်လို့ဆိုပါတယ်။ ဥပမာ -အမျိုးသမီးဆယ်ယောက်မှာ အမျိုးသားနှစ်ယောက်နှုန်းခန့် စိတ်ဖိစီးမှုတွေ ဖြစ် ရပါတယ်။

သားဦးဖြစ်တဲ့အတွက် စိတ်ဖိစီးရခြင်း

Photo: UGA Today

နောက်ထပ်စိတ်ဖိစီးမှုဖြစ်နိုင်တာက ကလေးက သားဦးဖြစ်နေတာကြောင့်ပါ။ ပထမဆုံးအနေနဲ့ မိခင်ဖင်ခင်တွေမှာဖြစ်လာတဲ့အခါ ပုံမှန်နေ့စဥ်ဘဝပုံစံကနေ ကလေးကြောင့် အရာရာ ပြောင်းလဲသွားပါတယ်။ ခါတိုင်း နှစ်‌ယောက်တည်း ဘဝကနေ ကလေးကြောင့် တာဝန်တွေပိုကြီးလာပြီလို့ စတင်ခံစားလာရပါတယ်။ ကလေးတစ်ယောက်မွေးလာတဲ့အခါ ဘဝပုံစံတွေ၊ နေထိုင် စားသောက်တဲ့ပုံစံတွေ ပြောင်းလဲလိုက်တဲ့အခါ နေသားမကျသေးတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ ဖြစ်ရပါတယ်။

ပတ်ဝန်းကျင်ကြောင့် စိတ်ဖိစီးမှုဖြစ်ခြင်း

Photo: Parents

ပတ်ဝန်းကျင်က ဝေဖန်ပြစ်တင်မှုတွေ၊ ဖေးမမှုမ ရတာတွေကြောင့်လည်း မိဘတွေမှာ စိတ်ဖိစီးမှုဖြစ် ရပါတယ်။ ဥပမာ- ကလေးကို  နို့တိုက်တဲ့အခါ နို့မထွက်ဘူး။ အဲဒီခါကျရင် အိမ်ပတ်ဝန်းကျင်ကလူတွေကမိခင်ကို ပြစ်တင်ပြောဆိုတာ၊ ကလေးက ဝမ်းလျှော့တယ်ဆိုမိခင်က အစားမဆင်ခြင်လို့ ဖြစ်ရတာဆိုပြီး ပြောကြတာ စတဲ့ပတ်ဝန်းကျင်ရဲ့ ဖေးမမှုမရဘဲ အပြစ်တင်မှုတွေပဲ ရှိတဲ့အခါ မိခင်မှာ စိတ်ဖိစီးမှု ပိုများရပါတယ်။ အဲဒီအခါမျိုးမှာ မိခင်က သူအရင်းနှီးဆုံးဖြစ်တဲ့ ဖခင်ကို အော်မိတာမျိုး ဖြစ်တတ်တယ်။ အဲဒါကြောင့် မိခင်ရောဖခင်ပါ စိတ်ဖိစီးမှုတွေ  ရပါတယ်။ နောက်တစ်ခုကတော့ ကလေးနေမကောင်းတဲ့အခါ ကိုယ်ကပဲ ကောင်းကောင်းမွန်မွန်မကျွေးနိုင်လို့လားဆိုပြီးတော့ စိတ်ဖိစီးရပါတယ်။ အဲဒီစိတ်ဖိစီးမှုတွေကို သေချာ မကုသတဲ့အခါ ကြာလာရင် စိတ်ရောဂါဖြစ်နိုင်တဲ့ အခြေအနေထိ ရောက်နိုင်ပါတယ်။

စိုးရိမ်စိတ်လွန်ကဲခြင်းကြောင့် စိတ်ဖိစီးရခြင်း

Photo: Parents

ကလေးက ထမင်းမစားတာ၊ တအားဆော့လွန်တာ၊ နေမကောင်းဖြစ်တာ စတဲ့ကလေးတွေမှာ သာမန်ဖြစ်တတ်တဲ့ အပြုအမူတွေလို့ ဆိုနိုင်ပေမယ့် မိဘတွေမှာတော့  စိုးရိမ်စိတ်တွေလွန်ကဲနေကြပါတယ်။ ဒီစိုးရိမ်စိတ်လွန်ကဲမှုတွေ ကြောင့်ပဲ မိဘတွေမှာ စိတ်ဖိစီးမှုပိုများရပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က