မြန်မာ့လက်ရွေးစင်အသင်းပွဲစဉ်ကြောင့် MNL ပွဲစဉ်တွေကို ခေတ္တရပ်နားထားပါတယ်။

ဒီကနေ့(သြဂုတ် ၁၉)မှာ စတင်စခန်းဝင် လေ့ကျင့်သွားမှာ ဖြစ်ပြီး ခြေစမ်းပွဲကစားမယ့် တရုတ်နိုင်ငံကို သြဂုတ် ၂၆ မှာ ထွက်ခွာမယ်လို့ သိရပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ တရုတ် အာရှဖလားပြိုင်ပွဲတွေအတွက် ခြေစစ်ပွဲ ကစားရမယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပဏာမ ကစားသမား ၃၅ ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။


လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ မွန်ဂိုလီးယားအသင်းနဲ့ ခြေစစ်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် အဝေးကွင်း လိုက်ပါ ကစားရမှာ ဖြစ်ပြီး အဲ့ဒီပွဲမတိုင်ခင်မှာ တရုတ်လက်ရွေးစင်အသင်းနဲ့ တရုတ်နိုင်ငံမှာ တံခါးပိတ် ခြေစမ်း ပွဲကစားသွားဦးမှာပါ။

ပဏာမမြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်ကို ဒီကနေ့ ညနေပိုင်းမှာ စတင်ပြုလုပ်ခဲ့ပြီး ကျင်းပလျက်ရှိတဲ့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေကိုတော့ ခေတ္တရပ်နားထား ခဲ့ပါတယ်။

နည်းပြသစ် ရာဂျူလိုဗစ် ရွေးချယ်ခဲ့တဲ့ယခု ပဏာမ ၃၅ ယောက်စာရင်းမှာတော့ လက်ရွေးစင်အသင်းနဲ့ အတန်ကြာ ဝေးကွာနေသူတွေ ဖြစ်တဲ့ ကြည်လင်း၊ဇွန်မိုးအောင်၊သန်းပိုင်၊ရွှေလှိုင်ဝင်း၊ဇော်လင်း၊ပြည်မိုး၊ကောင်း စည်သူ၊ပြည့်ဖြိုးအောင်၊ကျော်ဇင်လွင်၊တင်ဝင်းအောင် စတဲ့ ကစားသမားတွေ ပြန်လည်ပါဝင်လာတာ တွေ့ရပါ တယ်။

ဒါ့အပြင် ပြည်ပ ထွက်ကစားနေတဲ့ ကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊အောင်သူ၊ဇော်မင်းထွန်း၊သန်း ထက်အောင်တို့အပြင် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ သိန်းသန်းဝင်းနဲ့စည်သူအောင်တို့လည်း ရွေး ချယ်ထားပါတယ်။

ခြေစမ်းပွဲ ကစားမယ့် တရုတ်နိုင်ငံကိုတော့ သြဂုတ် ၂၆ မှာ ထွက်ခွာမယ်လို့သိရပြီး ခြေစမ်းပွဲကိုတော့ သြရုတ် ၃၀ မှာ ကစားမှာပါ။

အဲ့နောက် မွန်ဂိုလီးယားကို ခြေစစ်ပွဲ ကစားဖို့ ဆက်လက်ထွက်ခွာမှာ ဖြစ်ပြီး ဒုတိယပွဲအဖြစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ နာမည်ကြီး ဂျပန်အသင်းကို အိမ်ကွင်းမှာပြန်လည်လက်ခံ ကစားရပါမယ်။

မြန်မာ့လက်ရွေးစင်အသင်းကတော့ ခြေစစ်ပွဲ အုပ်စု(စ)မှာ ဂျပန်၊မွန်ဂိုလီးယား၊တာဂျကစ္စတန်၊ကာဂျစ်ရီပတ်ပ လစ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Share

Loading Next Article...
က္က