အမြင့်ပေ ၁၄,၁၀၀ ကျော်ကနေ ခုန်ချပြီး လေဟုန်စီးခဲ့တာပါ

သြစတြေးလျတောင်ပိုင်း ကောင်းကင်ယံ ပေ ၁၄,၁၀၀ ကျော် အမြင့်ကနေ ခုန်ချပြီး လေဟုန်စီးခဲ့တဲ့ အသက် ၁၀၂ နှစ်အရွယ် အဘွားက ကမ္ဘာ့အသက်အကြီးဆုံး လေဟုန်စီးသူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

အသက်ရာကျော်အဘွား အီရန်နီအိုရှေးက စွန့်စားရတာကို သဘောကျသူဖြစ်ပြီး ယခု လေဟုန်စီးမှုအပြီးမှာ သာမန်လိုပဲ ခံစားခဲ့ရတယ်လို့ ပြောခဲ့ပါသေးတယ်။ အဆိုပါ အဘွားဟာ ၂၀၁၆ ခုနှစ်အတွင်း အသက် ၁၀၀ ပြည့်ချိန်မှာ ပထမဆုံး ကောင်းကင်ယံမှ ဒိုင်ဗင်ထိုးဆင်းခဲ့ဖူးပေမဲ့ စီစဉ်သူတွေကတော့ သူမရဲ့အသက် ၁၀၂ နှစ်နဲ့ ၁၉၄ ရက်ပြည့်တဲ့ ယခုနှစ် ဒီဇင်ဘာ ၉ ရက်မှာ လေဟုန်စီးမှု အောင်မြင်ပြီးမြောက်ခဲ့တယ်လို့ ပြောထားပါတယ်။

(Photo: SA Skydiving / Bryce Sellick & Matt Teager)

ယခုကဲ့သို့ လေဟုန်စီးနိုင်ခြင်းက အဘွားအီရန်နီအိုရှေးအတွက် သမိုင်းစာအုပ်တွေမှာ နေရာတစ်နေရာ ရရှိနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ "ကောင်းကင်ပေါ်ကို အရမ်းကိုကြည်လင်နေတာပဲ၊ ရာသီဥတုက ကောင်းပါတယ် ဒါပေမဲ့ အရမ်းအေးတယ်" အဘွားက ပြောခဲ့ကြောင်း သြစတြေးလျးမီဒီယာတွေက ဖော်ပြပါတယ်။

(Photo: AFP)

အဘွားအီရန်နီအိုရှေးဟာ သူမရဲ့သမီးဖြစ်သူ အာရုံကြောဆိုင်ရာ ရောဂါကြောင့် ကွယ်လွန်ခဲ့ပြီးနောက် ထိုရောဂါခံစားနေရသူတွေအတွက် ရန်ပုံငွေရှာဖွေမှုအဖြစ် လေဟုန်စီးခဲ့ခြင်း ဖြစ်တယ်လို့ AFP သတင်းက ပြောပါတယ်။

Share

Loading Next Article...
က္က