3D Face Unlock စနစ်ပါ သုံးနိုင်မှာပါ

ကျောဘက်မှာ triple lens လို့ခေါ်တဲ့ ကင်မရာ ၃ လုံးစနစ်သုံးသွားမယ့် နောက်ထပ် ဖုန်းတစ်လုံးက LG V40 ThinQ ဖြစ်မယ်လို့သတင်းထွက်လာပါတယ်။



LG-V40-02-1-768x480.jpg

Photo: GSMArena

 

တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ LG ဟာ ကုမ္ပဏီရဲ့ AI နည်းပညာသစ်ဖြစ်တဲ့ ThinQ series အဆင့်မြင့် စမတ်ဖုန်းမော်ဒယ်တွေကို မိတ်ဆက်လာခဲ့ရာကနေ ကင်မရာဘက်ကို ဦးလှည့်မယ့် LG V40 ThinQ ကိုလည်း မိတ်ဆက်သွားတော့မှာပါ။

LG G7 ThinQ နဲ့ LG V35 ThinQ တို့မှာလည်း အတော်လေးကို အဆင့်အတန်းမြင့်တဲ့ dual cameras စနစ်တွေ သုံးထားပေမယ့် Apple ရဲ့ iPhone X ၊ Huawei P20 Pro နဲ့Samsung Galaxy S9 Plus တို့လို နာမည်ကြီးဖုန်းတွေရဲ့ ကင်မရာတွေနဲ့ယှဉ်ရာမှာ rating နိမ့်ခဲ့ပါတယ်။

LG V40 ThinQ သစ်မှာတော့ LG ဟာ ကင်မရာစနစ်အပြောင်းအလဲတစ်ခုကို လုပ်ဆောင်သွားတော့မှာပါ။ လောလောဆယ် render ပုံတွေ တက်လာချိန်မှာတော့ LG V40 ThinQ ဟာ ကျောဘက်မှာ အလျားလိုက် ကင်မရာ ၃ လုံးတွဲ စနစ် ပါရှိပြီး အောက်ခြေမှာ fingerprint scanner ပါဝင်လာတာ တွေ့ရပါတယ်။ ပုံအရ LG ဟာ သူ့ထက် ကင်မရာစွမ်းရည် သာတဲ့ ဖုန်းတွေကို ယှဉ်ဖိုက်ဖို့triple lens စနစ်ကို ပထမဆုံး သုံးသွားမယ့် သဘောပါပဲ။

နောက်ထပ် ထူးခြားတာက ရှေ့ဘက် ကင်မရာစနစ်ပိုင်းမှာ dual cameras သုံးလာတာ ဖြစ်လို့လက်ရှိ ဖုန်းတွေထဲမှာ ကင်မရာအများဆုံး ဖုန်းတစ်လုံးအဖြစ် မြင်ရမယ့်သဘောပါ။ Triple lens ကို စပြီး သုံးခဲ့တဲ့ Huawei P20 pro မှာတောင် စုစုပေါင်းမှ ကင်မရာ ၄ လုံးပဲ ပါတာ ဖြစ်လို့LG V40 ThinQ ဟာ ကင်မရာအကောင်းဆုံး ဖုန်းဖြစ်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

LG V40 ThinQ ဟာ ဒီဇိုင်းပိုင်းမှာ V series ThinQ မော်ဒယ်တွေရဲ့ ဟန်အတိုင်း မှန်ကိုယ်ထည် curved edges ဒီဇိုင်း notch screen နဲ့ထွက်လာမှာပါ။ render ပုံမှာတော့  notch screen ကို ဆော့ဖ်ဝဲလ်နဲ့ဖျောက်ပြထားပါတယ်။ notch ထဲမှာ ထည့်သွင်းထားတဲ့ ကင်မရာနှစ်လုံးထဲက တစ်ခုဟာ 3D မျက်နှာပြင်ဖတ်စနစ်မှာ သုံးဖို့ အနီအောက်ရောင်ခြည် IRစနစ် သုံးနိုင်မယ်လို့ယူဆရပါတယ်။

Photo: mysmartprice

 

high-end ဖုန်းစီးရီး ဖြစ်တဲ့အတိုင်း ဒီဖုန်းဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 845 chipset နဲ့အတူ အမြင့်စား RAM/storage စနစ် ပါဝင်လာမှာ သေချာပါတယ်။ အန်းဒရိုက်စနစ်ပိုင်းမှာ Android Pie စနစ်နဲ့လာမယ်လို့သတင်းထွက်ထားပြီး ဈေးနှုန်းမသိရသေးပေမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ထွက်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က