ဒီနှစ်မှာ လိဂ်သွင်းဂိုး ၇ ဂိုးနဲ့ ၁၂ဂိုးဖန်တီး‌‌ပေးထားနိုင်ပါပြီ။

ယူနိုက်တက်ကို အနိုင်ယူခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ တစ်ဦးချင်း ထူးချွန်မှုတွေကို ပြသနိုင်ခဲ့သလို အသင်းကို လည်းအကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့သူပါ။

မန်စီးတီးနဲ့ အင်္ဂလန် ကစားသမားဟောင်း မီကာရစ်ချက်က လက်ရှိ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလာတဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



အသက် ၂၈နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်အနေနဲ့ ဒီရာသီမှာ ကလပ်အသင်းအတွက် မြင့်မားတဲ့စွမ်းဆောင် မှုတွေ ပြုလုပ်ပေးထားနိုင်သလို ဂိုးကန်သွင်းမှု၊ဘောလုံးဖြန့်ဝေပေးနိုင်မှု ဖြတ်တင်ဘော ပြုလုပ်ပေးနိုင်မှုတွေကို ထိပ်ဆုံး ၅ ဦး စာရင်းဝင်ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားပါပဲ။အရိုးသားဆုံးပြောရရင်တော့ သူချဲလ်ဆီးမှာ အဲ့လောက် လုပ်ခွင့်မရခဲ့ပါဘူး။ကျွန်တော်ကတော့ သူ့ရဲ့ တစ်ပွဲချင်းစီ အာရုံစိုက်ကစားနိုင်မှုအပေါ် မှာ ကြိုက်ပါတယ်။”လို့ မီကာရစ်ချက်က Sky Sports နဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။

လူတွေက ဒီဘရိုင်းရဲ့ တန်ကြေးကို မြင့်မားစွာ ပေးချေရမယ်လို့ ပြောနေကြပြီး တကယ့်က သူ့တန်ဖိုးက လက်ရှိ တန်ဖိုးထက် ၂ ဆ (သို့)၃ ဆအထိ ပိုတန်ကြေးရှိတယ်လို့လည်း ရစ်ချက်က ဆိုပါသေးတယ်။

“အသင်းလိုက်ကစားပုံ ပျက်နေချိန်မှာတောင် သူက တစ်ခုခုကို ထူးခြားအောင် စွမ်းဆောင်ပြနိုင်တဲ့ ကစားသမား မျိုးပါ။ကျွန်တော်ထင်ပါတယ် သူက မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် အမြဲတမ်း ရှိနေမှာပါ။”လို့ ရစ်ချက်က ဆက်လက်သုံးသပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က