ချဲလ်ဆီးက လီဗာပူးကို အနိုင်ရလိုက်လို့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်လှမ်းသွားပါပြီ။
ချဲလ်ဆီးအသင်းက လီဗာပူးကို အက်ဖ်အေဖလား ပဥ္စမအဆင့်မှာ ၂-၀နဲ့အနိုင်ရခဲ့လို့ နည်းပြလမ်းပတ်က ကစားသမားတွေကိုချီးကျူးခဲ့ပါတယ်။
ဒါ့အပြင် လမ်းပတ်က ကမ္ဘာ့အကောင်းဆုံးအသင်းကို အနိုင်ယူပြခဲ့တဲ့ သူ့အသင်းသားတွေနဲ့ သူကိုယ်တိုင် အတွက်လည်း ဂုဏ်ယူမိတယ်လို့ ထုတ်ဖော်ပြောလာခဲ့တယ်လို့ Daily Mail က ဖော်ပြလာပါတယ်။
“လီဗာပူးက ဒီဖက်နှစ်ပိုင်းမှာ ကမ္ဘာ့အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ဒီလိုအသင်းကို အနိုင်ယူနိုင် ခဲ့လို့ ပျော်တာထက် ဂုဏ်ယူပါတယ်။ ဒီဖက်နှစ်ပိုင်းမှာ လီဗာပူးနဲ့မန်စီးတီးက ဥရောပမှာ အသင်းကြီးဆိုတာ သက်သေပြထားနိုင်သူတွေပါ။အထူးသဖြင့်တော့ ဒုတိယဂိုးထပ်ရလိုက်တာ စိတ်အေးစေခဲ့ရပါတယ်၊လီဗာပူးဆို တာ နောက်ဆုံးမိနစ်တွေမှာ အသည်းခွဲတတ်တာကြောင့်ပါ။”လို့ လမ်းပတ်က ပြောသွားပါတယ်။
ချဲလ်ဆီးကတော့ ကွာတားဖိုင်နယ်နယ်ကို တက်လှမ်းသွားပြီ ဖြစ်ပြီး လီဗာပူးအတွက်တော့ ၄ရက်အတွင်း ပြိုင်ပွဲ ၂ရပ်မှာ ပေးဂိုး ၅ ဂိုး ရဂိုးလုံးဝမရှိပဲ အရေးနိမ့်ခဲ့ရပါပြီ။
လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲမှာတော့ ချဲလ်ဆီးအသင်းမှာ လူငယ်ကစားသမားတစ်ဦး ထွန်းတောက်ခဲ့ပြီး သူကတော့ ဘိုင်လီဂေးလ်မွာဖြစ်ကာ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။