တက်ရောက်သူ ၅၀၀၀ ကျော် ရှိခဲ့ပါတယ်

     မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးနဲ့ကမ္ဘာပေါ်မှာ တက်ရောက်သူအများဆုံး Barcamp ပွဲတစ်ခုဖြစ်တဲ့ Barcamp Yangon 2019 ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park ထဲမှာ ဇန်နဝါရီ ၂၆ ၊ ၂၇ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။

ပထမနေ့ (Photo: Duwun Tech)



ကမ္ဘာပေါ်မှာ ပထမဆုံး Barcamp ကို ၂၀၀၅ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တိုမှာ ကျင်းပခဲ့ပြီး တက်ရောက်သူ ၂၀၀ ခန့်ရှိခဲ့တယ်လို့ဆိုပါတယ်။ Barcamp ပွဲများကို မြောက်အမေရိက ၊ တောင်အမေရိက ၊ အာဖရိက ၊ ဥရောပ ၊ အရှေ့အလယ်ပိုင်း ၊ သြစတြေးလျနဲ့အာရှမှ မြို့ပေါင်း ၃၅၀ ကျော်မှာ ကျင်းပနေတာလည်း ဖြစ်ပါတယ်။

         ၂၀၁၀ ခုနှစ်ကတည်းက စပြီး ကျင်းပလာခဲ့တဲ့ Barcamp Yangon ဟာ အရှေ့တောင်အာရှမှာ အအောင်မြင်ဆုံးနဲ့တက်ရောက်သူ အများဆုံး BarCamp ပွဲတစ်ခု ဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ Reimaging Yangon ခေါင်းစဉ်နဲ့ဆယ်နှစ်ပြည့် Barcamp Yangon ပွဲ ဆင်နွဲှခဲ့ကြတာပါ။

         ဒီနှစ် Barcamp Yangon 2019 ဖွင့်ပွဲနေ့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများနဲ့အမေးအဖြေများ ပြုလုပ်ခဲ့ပါတယ်။

         BarCamp Yangon ဟာ အစဉ်အလာကြီး နည်းပညာနှီးနှောဖလှယ်ပွဲတစ်ခု ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ ပွဲမှာတော့ တက်ရောက်သူပေါင်း ၆၄၀၀ ကျော် နဲ့စံချိန်တင်နိုင်ခဲ့တဲ့ မှတ်တမ်း ရထားခဲ့ပါတယ်။ ဆယ်နှစ်ပြည့် Barcamp Yangon မှာတော့ တက်ရောက်သူ ၅၀၀၀ ကျော် ရှိခဲ့တယ်လို့ပွဲစီစဉ်ကျင်းပသူတစ်ဦးက ပြောပါတယ်။

Photo: Barcamp Yangon FB စာမျက်နှာ

         ဖွင့်ပွဲနေ့ မနက်ပိုင်းမှာ ဆွေးနွေးတဲ့ topic အရေအတွက် နည်းပါးခဲ့ပေမယ့် နေ့လည်ပိုင်းနဲ့နောက်ရက်မှာတော့ ဆွေးနွေးသူနဲ့အကြောင်းအရာ ဝေဝေဆာဆာနဲ့စည်ကားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က