၁.၂ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်မှာပါ

သဘာဝရုပ်ကြွင်းလောင်စာကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်မှုအမြင့်ဆုံး နိုင်ငံစာရင်းမှာ အဆင့် ၂၉ ရောက်နေတဲ့ ယူအေအီးဟာ ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင် စီမံကိန်းစတင်နေပြီလို့ဆိုပါတယ်။

Photo: gulfnews

         ယူအေအီးနိုင်ငံ အဘူဒါဘီမြို့Sweihan မှာ တည်ဆောက်နေတဲ့ နေရောင်ခြည်စွမ်းအင်စက်ရုံဟာ ဆိုလာပြားပေါင်း ၃.၂ သန်း သုံးသွားမှာ ဖြစ်တယ်လို့Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။ စက်ရုံတည်ဆောက်ပြီးစီးတာနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု မက်ထရစ်တန် ၁ သန်းဝန်းကျင် အထိ လျှော့ချနိုင်မယ်လို့ဆိုပါတယ်။ ဒါဟာ ကားအစီးရေ ၂ သိန်း ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်စွန့်ထုတ်မှုနဲ့ညီမျှတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

         စတုရန်းမိုင် ၃.၁ မိုင် ရှိတဲ့ ဒီစက်ရုံစီမံကိန်းဟာ ကမ္ဘာ့အကြီးဆုံး နေစွမ်းအင် စက်ရုံလည်း ဖြစ်ပြီး တည်ဆောက်ပြီးစီးချိန်မှာ လူ ၉ သောင်းကို သန့်စင်စွမ်းအင် ထောက်ပံ့ပေးနိုင်မှာပါ။ ယခုစီမံကိန်းအတွက် ယူအေအီးအစိုးရဟာ ပေါင် သန်း ၇၀၀ သုံးစွဲထားပြီး နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ မဟာဗျူဟာဖြစ်တဲ့ ၂၀၅၀ မှာ သန့်စင်စွမ်းအင် သုံးစွဲမှုနှုန်း ၂၅% ကနေ ၅၀% အထိ တက်လာဖို့ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

Photo: Daily Mail

         အဘူဒါဘီ နေစွမ်းအင် စက်ရုံစီမံကိန်းမှာ ဂျပန်မှ Marubeni ကော်ပိုရေးရှင်း ၊ အမ်းမရိတ်စ် ရေနဲ့လျှပ်စစ်ကုမ္ပဏီ EWEC နဲ့JinkoSolar တို့မှ ပူးပေါင်း အကောင်အထည်ဖော်နေတာပါ။ ဒီနေစွမ်းအင် စက်ရုံကနေ လျှပ်စစ်ဓါတ်အား ၁.၂ ဂစ်ဂါဝပ်နီးပါး ( ၁၁၇၇ မဂ္ဂါဝပ်ခန့်) ထုတ်လုပ်နိုင်မယ်လို့ဆိုပါတယ်။

         လက်ရှိမှာ ယူအေအီးဟာ သဘာဝလောင်စာတွေပေါ်မှာ အကြီးအကျယ် မှီခိုနေရပြီး ကမ္ဘာပေါ်မှာ သတ္တမမြောက် ရေနံလောင်စာ သုံးစွဲမှု အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ကာဗွန်ထုတ်လွှင့်မှုအရ ယူအေအီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ၂၉ ခုမြောက် အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က