ပန်းပွင့်ကြီးရဲ့ အချင်း ၃.၆ ပေအထိ ရှိပါတယ်။

အင်ဒိုနီးရှားမှာ ကမ္ဘာ့အကြီးဆုံးတစ်ပွင့် တွေ့ရှိခဲ့ရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။

(Photo: AFP)

အလွန်ကြီးမားတဲ့ အနီရောင် Rafflesia tuan-mudae ပန်းပွင့်ကြီးကို ဧရာမ ပွင့်ဖတ်တွေနဲ့အတူ ပွင့်လန်းနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ပန်းပွင့်ကြီးဟာ အချင်း ၃.၆ ပေအထိရှိပြီး အလွန်ကြီးမားကြောင်း သိရပါတယ်။ ယခု တွေ့ရှိရတဲ့ ပန်းပွင့်ကြီးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားမှာ တွေ့ခဲ့ရပြီး အချင်း ၃.၅ ပေဖြင့် စံချိန်တင်ထားခဲ့တဲ့ ပန်းပွင့်ကြီးထက် ပိုမိုကြီးမားပါတယ်။



"ဒီဟာက မှတ်တမ်းတင်ခဲ့ဖူးသမျှထဲမှာတော့ အကြီးဆုံး Rafflesia tuan-mudae ပန်းပွင့်ကြီးပါပဲ" လို့ ဆူမာတြားကျွန်းရှိ Agam Conservation Agency မှ Ade Putra က ဆိုပါတယ်။ ပန်းပွင့်ကြီးဟာ ပွင့်လန်းနေခဲ့တာ တစ်ပတ်မျှသာရှိအုံးမယ်လို့လည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

(Photo: Xinhua/NEWS.CN)

ယခုတွေ့ရှိရတဲ့ ပန်းပွင့်ပုံစံမျိုးကို ၁၉ ရာစုနှစ် အစောပိုင်းကာလအတွင်း ဗြိတိသျှလူမျိုး Sir Stamford Raffles က အင်ဒိုနီးရှားမှာ တွေ့ရှိခဲ့ပြီးနောက် Rafflesia လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ Raflesia ပန်းပွင့်တွေကို အရှေ့တောင်အာရှ နိုင်ငံအချို့မှာ တွေ့ရလေ့ရှိပြီး ဖိလစ်ပိုင်မှာ အချင်း ၃.၃ ပေရှိ Rafflesia ပန်းပွင့်တစ်ပွင့်ကို တွေ့ခဲ့ရဖူးကြောင်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က