5G သုံးနိုင်ပြီး ကမ္ဘာ့အမြန်ဆုံး wireless charging ပံ့ပိုးမှု ပါဝင်တဲ့ Xiaomi ဖုန်းကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Xiaomi Mi 9 ကိုမှ ပိုမိုမြန်ဆန်တဲ့ processor သစ် ၊ ချိတ်ဆက်မှုနဲ့အားသွင်းနည်းပညာ ပါဝင်တဲ့ Xiaomi Mi 9 Pro 5G ဟာ တရုတ်ဈေးကွက်ထဲ အရင်ဆုံး ဝင်မယ့် ဖုန်းတစ်လုံးပါ။ အရင် Xiaomi Mi 9 အတိုင်း မျက်နှာပြင် ၆.၄ လက်မ OLED display နဲ့လာပြီး processor ကိုတော့၂၀၁၉ အတွက် အမြင့်ဆုံး chipset ဖြစ်တဲ့ Snapdragon 855+ SoC သုံးလာပါတယ်။
Photo: The Verge
5G modem ပါဝင်ပြီး တရုတ်နိုင်ငံရဲ့ အဓိက တယ်လီကွန်းအော်ပရေတာ ၃ ခုရဲ့ 5G ကွန်ရက်အပြည့်အဝ ပံ့ပိုးပေးနိုင်မယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။ နောက်ထပ်ထူးခြားတာက ဒီဖုန်းဟာ မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ Xiaomi ထုတ် 30W Mi Charge Turbo နည်းပညာပါလာတာပါ။
Mi Charge Turbo နည်းပညာဟာ Mi 9 Pro 5G မှာ သုံးထားတဲ့ 4000 mAh ကို wireless နည်းနဲ့အားသွင်းမယ်ဆိုရင် ၂၅ မိနစ်အတွင်း ဘက်ထရီအား ၅၀% ရောက်အောင် သွင်းနိုင်မယ့် နည်းပညာ ဖြစ်ပြီး ဈေးကွက်ထဲက စမတ်ဖုန်းအများစုမှာ သုံးနေတဲ့ 27W wired charging ထက် ပိုမို မြန်ဆန်တဲ့ ကြိုးအားသွင်းနည်းပညာလည်း ဖြစ်ပါတယ်။
Xiaomi Mi 9 Pro 5G ကို wireless charging သွင်းမယ်ဆိုရင် ၆၉ မိနစ်နဲ့ဘက်ထရီအား ၁၀၀% ပြည့်မယ်လို့လည်း ကုမ္ပဏီဘက်က ကြေညာပါတယ်။ အားသွင်းစနစ်ပိုင်းမှာ နောက်ထပ် ထူးခြားတာက တစ်ခြားဖုန်းတွေကို ကြိုးမဲ့ အားပြန်သွင်းပေးနိုင်မယ့် 10W reverse wireless Qi charging နည်းပညာဖြစ်ပြီး iPhone တစ်လုံးကို ဒီနည်းပညာနဲ့အားပြန်သွင်းပြရာမှာ Huawei P30 Pro ထက် အများကြီး ပိုမြန်ကြောင်းကို ဒီဖုန်းမိတ်ဆက်ပွဲမှာ Xiaomi ရဲ့ CEO လိုင်ဂျန်က သရုပ်ပြသွားပါတယ်။
Wired Charging ကတော့ 40W output အထိ support ပေးပြီး ၄၈ မိနစ်နဲ့ဖုန်းတစ်လုံးကို အားအပြည့်သွင်းနိုင်မှာပါ။ ကျန်တဲ့ အချက်အလက်တွေကို ကြည့်ရင်တော့ Xiaomi Mi 9 နဲ့ တစ်ပုံစံတည်းဖြစ်ပါတယ်။ ကျောဘက်မှာ ထောင်လိုက် ကင်မရာသုံးလုံးတွဲ စနစ်ဖြစ်တဲ့ 48MP main ကင်မရာ ၊ 16MP ultra-wide ကင်မရာနဲ့12MP tele lens တို့ကို သုံးထားပါတယ်။
Photo: GSMArena
RAM ပမာဏကိုတော့ 8GB နဲ့12GB နှစ်မျိုးနဲ့ထွက်ထားပြီး storage ကိုတော့ 128GB/256GB နဲ့512GB ဆိုပြီး သုံးမျိုး ဝယ်ယူနိုင်မှာပါ။ 30W wireless charger ကိုတော့ ၁၉၉ ယွမ် ( မြန်မာငွေ ၄ သောင်းကျော်) ဈေးနဲ့သီးသန့်ရောင်းချသွားမယ်လို့ဆိုပါတယ်။
ဈေးနှုန်းအနေနဲ့8GB/128GB ၊ 8GB/256GB ၊ 12GB/256GB နဲ့ 12GB/512GB မော်ဒယ်တွေကို ၃၆၉၉ ယွမ် ( မြန်မာငွေ ၇ သိန်း ၉ သောင်းခန့်) ၊ ၃၇၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ၁ သောင်းကျော်) ၊ ၄၀၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ၇ သောင်းခွဲ) နဲ့၄၂၉၉ ယွမ် ( မြန်မာငွေ ၉ သိန်း ၂ သောင်းခန့်) ဈေး သတ်မှတ်ထားပါတယ်။