Sony Electronics ဟာ MicroSD cards တွေနဲ့UHS-II SD cards တွေအတွက် USB hub တစ်ခု မိတ်ဆက်လိုက်ပါတယ်။
Sony ကနေ ထုတ်လိုက်တဲ့ MRW-S3 hub မှာ HDMI Port တစ်ခု မြန်နှူန်းမြင့် USB A နဲ့USB C ports တွေ ပါဝင်ပါတယ်။ ဒေတာဖတ်ရင်တဲ့ အချိန်မှာ MRW-S3 ဟာ UHS-II cards တွေကို တစ်စက္ကန့်မှာ 300MB နှူန်းနဲ့ဖတ်နိုင်တယ်လို့Cult of Mac ဖော်ပြထားပါတယ်။
Photo: Cult of Mac
“ ကမ္ဘာ့အမြန်ဆုံး UHS-II SD နဲ့microSD card reader တို့ဟာ ရုပ်ထွက်မြင့် RAW image files တွေကနေ 4K videos တွေအထိ ဖတ်ရှူနိုင်ပြီး ဓါတ်ပုံဗွီဒီယို တည်းဖြတ်မှူမှာ အချိန်ပိုရရှိနိုင်ပြီး သုံးစွဲသူရဲ့ ဖန်တီးဉာဏ်ကို အမြင့်ဆုံးဖြစ်စေမှာပါ” လို့Sony က ကြေညာပါတယ်။
MRW-S3 hub မှာ data transfer ကို 1000MB/s အထိ ပေးပို့နိုင်ဖို့အတွက် USB 3.1 Gen 2 နဲ့ကိုက်ညီမှူ ရှိတဲ့ USB-C နဲ့ USB A port တစ်ခုစီ ပါဝင်ပါတယ်။ ဒါ့အပြင် 100W USB Power Delivery ပေးပို့မှူ ပါတဲ့ USB C port တစ်ခုနဲ့Mac ၊ PC တို့နဲ့ချိတ်ဆက်နိုင်တဲ့ တတိယမြောက် USB C port တစ်ခုလည်း ပါမှာပါ။
ဒီ hub မှာ ပါလာတဲ့ HDMI Port ဟာ 4K ရုပ်ထွက်ကို တစ်စက္ကန့်မှာ ဖရိန်ပေါင်း ၃၀ နှူန်းနဲ့ပံ့ပိုးပေးနိုင်မယ်လို့ဆိုပါတယ်။ Sony ဟာ ဒီနှစ်ကုန်ပိုင်းမှာ MRW-S3 Hub ကို ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှူန်း မကြေညာသေးပါဘူး။