Mi 9 Pro 5G ဖုန်းမှာ မြင်ရဖို့ရှိပါတယ်

Xiaomi ရဲ့ Mi Charge Turbo ကြိုးမဲ့အားသွင်းနည်းပညာသစ်ဟာ ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအားသွင်း နည်းပညာဖြစ်လာပါတယ်။

30W Charging မြန်နှုန်း ပါတဲ့ Xiaomi Mi Charge Turbo ဟာ လက်ရှိ စမတ်ဖုန်းအများစုမှာ သုံးနေကြတဲ့ 27W wired charging ထက်ကို ပိုမိုမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းနည်းပညာ ဖြစ်ပါတယ်။ Xiaomi ရဲ့ အဆိုအရ Mi Charge Turbo နည်းပညာဟာ 4000 mAh ဘက်ထရီတစ်ခုကို wireless နည်းနဲ့အားသွင်းမယ်ဆိုရင် ၂၅ မိနစ်အတွင်း ဘက်ထရီအား ၅၀% ရောက်အောင် သွင်းနိုင်မယ်လို့ဆိုပါတယ်။

Photo: Mi Community


ရာနှုန်းပြည့်အားသွင်းဖို့ဆိုရင် ၆၉ မိနစ်ပဲ အချိန်ယူမယ့် အားသွင်းနည်းပညာ ဖြစ်ပါတယ်။ ဒါ့အပြင် Mi Charge Turbo နည်းပညာဟာ တစ်ခြားဖုန်းတွေကို ပြန်ပြီး ကြိုးမဲ့အားသွင်းနိုင်မယ့် fast reverse wireless charging နည်းပညာပါ ပံ့ပိုးပေးမယ်လို့ဆိုပါတယ်။

နောက်ထပ် ထူးခြားတာက တစ်ခြားဖုန်းတွေကိုပါ ကြိုးမဲ့အားသွင်းနိုင်မယ့်အပြင် စမတ်နာရီ တွေနဲ့နားကြပ်တွေကိုပါ wireless charging လုပ်နိုင်မှာပါ။ Mi Charge Turbo 30W ကြိုးမဲ့အားသွင်းနည်းပညာဟာ လာမယ့် Xiaomi Mi 9 Pro 5G နဲ့အတူ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

Photo: fonearena

Xiaomi ဟာ 40W wireless charging နည်းပညာကိုလည်း စမ်းသပ်မှု လုပ်ဆောင်နေတယ်လို့Android Authority သတင်းမှာ ဖော်ပြထားပါတယ်။ Xiaomi ဟာ 4000 mAh ဘက်ထရီတစ်လုံးကို ၁၇ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် 100W Super Charge Turno wired charging နည်းပညာကိုလည်း မိတ်ဆက်ပြသထားပါတယ်။

Share

Loading Next Article...
က္က