နောက် ၅ နှစ်လောက်မှာ စီးပွားဖြစ် သုံးနိုင်ဖို့ ရှိပါတယ်

HD ဇာတ်ကားပေါင်း ၁၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း ဒေါင်းလုပ်ဆွဲနိုင်တဲ့ အင်တာနက်မြန်နှုန်းတစ်ခုကို စမ်းသပ်နိုင်ခဲ့ပြီလို့ ဩစတြေးလျသုတေသီတွေက ထုတ်ဖော်ပြောဆိုပါတယ်။ 

Monash ၊ Swinburne နဲ့ RMIT တက္ကသိုလ်များမှ သုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ တစ်စက္ကန့်အတွင်း ဒေတာမြန်နှုန်း 44.2 terabits အထိ ရှိအောင် လုပ်ဆောင်ခဲ့တာပါ။ ဒါဟာ ယူကေနိုင်ငံရဲ့ ပျမ်းမျှ Broadband မြန်နှုန်း ဖြစ်တဲ့ 64Mbps ထက် အဆသန်းပေါင်းများစွာ ပိုမြင့်နေတာ ဖြစ်တယ်လို့ Sky News သတင်းက ဖော်ပြထားပါတယ်။ 




Photo: thepigeonexpress

သုတေသနပညာရှင်တွေဟာ အခုလို စံချိန်တင် အင်တာနက်မြန်နှုန်းတစ်ခု ရရှိဖို့ Micro-comb လို့ ခေါ်တဲ့ ပစ္စည်းတစ်ခုကို သုံးခဲ့တာပါ။ Micro-Comb ဟာ လက်ရှိတယ်လီကွန်းဆက်သွယ်ရေး အစိတ်အပိုင်းမှာ ရှိတဲ့ လေဆာ ၈၀ အစား သုံးလိုက်တဲ့ လက်သည်းခွံအရွယ် Optical Chip တစ်ခု ဖြစ်ပါတယ်။ သုတေသီတွေဟာ RMIT မဲလ်ဘုန်း campus နဲ့ Monash University ကလေတန် campus အကြား ၇၆.၆ ကီလိုမီတာ ရှည်တဲ့ optical fiber ဆက်ကြောင်းမှာ စမ်းသပ်မှု လုပ်ခဲ့တာပါ။

လက်ရှိ ဈေးကွက်သုံး အင်တာနက် မြန်နှုန်း အမြင့်ဆုံးနိုင်ငံဟာ စင်ကာပူဖြစ်ပြီး ပျမ်းမျှ ဒေါင်းလုပ် Speed အနေနဲ့ 197.2 Mbps အထိ ရှိပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ ပျမ်းမျှ Download speed ဟာ 43.4Mbps ဖြစ်လို့ အခုစမ်းသပ်မှုဟာ နိုင်ငံရဲ့ အင်တာနက်ဒေတာမြန်နှုန်းထက် အဆ ၁ သန်း ပိုမြင့်နေတာ ဖြစ်ပါတယ်။

Photo: samagame


"အခု ကျွန်တော်တို့ သုတေသနလုပ်သမျိုး ထုတ်ကုန်တွေကို လာမယ့် ၂ နှစ် ၃ နှစ်အတွင်း သုတေသနဓါတ်ခွဲခန်းတွေမှာ ရောက်လာမယ်လို့ ခန့်မှန်းပါတယ်။ စီးပွားဖြစ် သုံးစွဲနိုင်ဖို့ကတော့ နောက်ထပ် ၅ နှစ်လောက် စောင့်ရဖို့ ရှိပါတယ်။" လို့ Monash University မှ ဒေါက်တာ ဘီလ်ကော်ကိုရန်က The Independent ကို ပြောပါတယ်။ 

ဒီထုတ်ကုန်ဟာ ဩစတြေးလျရဲ့ လက်ရှိ အမျိုးသား Broadband ကွန်ရက် (NBN) အခြေခံ infrastructure နဲ့ ချိတ်ဆက်နိုင်တာကြောင့် အနာဂါတ်မှာ ဈေးသက်သာပြီး စွမ်းအင်ထိရောက်မှုမြင့်တဲ့ ဆက်သွယ်မှုတွေ လုပ်နိုင်မယ်လို့ သုတေသနအဖွဲ့က မျှော်လင့်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က