မြန်မာနိုင်ငံမှာလည်း ကြုံတွေ့ခဲ့ရပါတယ်။

မနေ့က ညနေပိုင်းကစပြီး Facebook ၊ Instagram နဲ့WhatsApp သုံးသူတွေဟာ သူတို့ရဲ့ အကောင့်တွေထဲ ဝင်မရမှုနဲ့ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။

         နာရီပေါင်းများစွာကြာအောင် ကြုံနေရတဲ့ ဒီဖြစ်ရပ်ကို လူတော်တော်များများမှာ ကြုံတွေ့နေတာ ဖြစ်ပြီး လောလောဆယ်မှာတော့ အကြောင်းရင်းကို မသိရသေးပါဘူး။ Facebook app ကို ဖွင့်တဲ့ သူတွေမှာ စနစ်ကို ထိန်းသိမ်းနေတာကြောင့် နာရီတစ်ချို့ကြာအောင် ဖွင့်လို့ရဦးမှာ မဟုတ်ဘူးဆိုတဲ့ အသိပေးစာကိုတွေ့တယ်လို့ဆိုပါတယ်။



         အလားတူ shut down ဖြစ်နေတဲ့ ကိစ္စကို Facebook ပိုင် Oculus VR မှာတောင် ကြုံနေရတယ်လို့The Verge က ဖော်ပြထားပါတယ်။ Oculus Store ကနေ ဂိမ်းတွေ ဝယ်ဖို့login ဝင်မရတဲ့ ပြဿနာနဲ့ကြုံခဲ့သလို Oculus Home သုံးတဲ့ စနစ်တွေထဲလည်း ဝင်လို့ရခဲ့ဘူးလို့ဆိုပါတယ။်



         WhatsApp သုံးမရတဲ့ အဖြစ်ကို ပါရာဂွေး ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ချ် ၊ အာဂျင်တီးနား နဲ့တစ်ခြားနိုင်ငံတစ်ချို့မှာ ကြုံနေပြီး DownDetector အရ WhatsApp ပြတ်တောက်မှုဟာ ဘရာဇီးနိုင်ငံမှာ အဆိုးဝါးဆုံးလို့ဆိုပါတယ်။

         Facebook နဲ့အတူ Messenger လည်း desktop ဗားရှင်းမှာ ဝင်မရတာမျိုး ရှိခဲ့ပြီး mobile ဗားရှင်းကတော့ သုံးလို့ရတာတွေ ရှိခဲ့ပါတယ်။ Facebook ရဲ့ ads section လည်း အလုပ်မလုပ်တော့ဘဲ ads တစ်ခု ဝယ်ဖို့လုပ်ရာမှာ internal error ဆိုပြီး ဝယ်လို့မရခဲ့ပါဘူး။


Photo: The Verge   

      Instagram ကတော့ ဆက်သွယ်ရေးပြတ်တောက်မှုမှာ အဆိုးဆုံးဖြစ်ပြီး တစ်ချို့ users တွေမှာ post တွေ load ဆွဲမရတာတွေပါ ကြုံခဲ့ပါတယ်။ Instagram Stories များ down ခဲ့တဲ့အပြင် Direct Message နဲ့ပို့စ်အသစ်တင်ဖို့ထားတဲ့ button ပါ အလုပ်မလုပ်ခဲ့ဘူးလို့ဆိုပါတယ်။

         Facebook ဝင်လို့မရတဲ့ ပြဿနာဟာ မြန်မာနိုင်ငံအပြင် နယူးအင်္ဂလန် ၊ တက္ကဆက် ၊ ဆီယက်တဲလ် ၊ ဝါရှင်တန် ၊ လက်တင်အမေရိက ၊ ပီရူး ၊ ယူကေ ၊ အိန္ဒိယ ၊ ဖိလစ်ပိုင် ၊ ကနေဒါ ၊ လာ့စ်ဗီးဂတ်စ် ၊ တူရကီစတဲ့ နိုင်ငံတွေမှာလည်း ကြုံတွေ့ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က