ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Asia Music Network Big Concert မှာ Key က ကိုရီးယား ကမ္ဘာကျော်နဲ့အတူ ပါဝင်ဖျော်ဖြေခွင့် ရတော့မှာ ဖြစ်ပါတယ်။ Key တစ်ယောက် ဘယ်လိုတွေ ရင်ခုန်နေမလဲဆိုတာ သူ့ရဲ့ ရင်ခုန်သံစကားလေးကို ဖတ်ကြည့်လိုက်နော်။
Galaxy Star ပြိုင်ပွဲကနေ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ Key Lashi ဟာ မကြာခင် ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ် တော့မယ့် Asia Music Network Big Concert မှာ ပါဝင်ဖျော်ဖြေဖို့အတွက် မြန်မာကိုယ်စားပြု အဆိုတော်တစ်ယောက်အနေနဲ့ ဖိတ်ကြားခြင်း ခံရတယ်လို့ သိရပါတယ်။
Key Lashi အနေနဲ့ ၂၀၁၈ ခုနှစ်စက်တင်ဘာ(၉) ရက်နေ့မှာ စတုတ္ထကြိမ်မြောက် ကျင်းပမယ့် Asia Music Network Big Concert တွင် K-pop အဆိုတော်တွေနဲ့ အာရှက အဆိုတော်တွေ အတူတကွ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။Asia Music Network Big Concert ကို MBC ရုပ်သံလွှင်ဌာန ကနေ ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။
ကမ္ဘာကျော် K-pop အဆိုတော်တွေနဲ့ အတူ ဖျော်ဖြေခွင့်ရတဲ့ Key အနေနဲ့ အရမ်းကို ပျော်နေပါတယ်။ သူ့ရဲ့ အိမ်မက်တွေထဲက အိမ်မက်တစ်ခုကို မကြာခင်မှာ အကောင်အထည်ဖော်ခွင့်ရတော့မှာ ဖြစ်လို့ သူအရမ်းစိတ်လှုပ်ရှား ပျော်ရွှင်နေတယ်ဆိုပြီး Duwun Media သို့ ယခုလို ဖြေဆိုပေးထားပါတယ်။
"ကျွန်တော်အခုလိုုမျိုးကြီးကျယ် ခမ်းနားလှတဲ့ စင်မြင့်ထက်မှာ သီဆိုဖျော်ဖြေတဲ့ MBC က ဖိတ်ခေါ်ပေးတဲ့ တာဝန်ရှိ လူကြီးများကို ကျေးဇူးတင် ပါတယ်။ ကျွန်တော်အနေနဲ့ စင်မြင့်အကြီးကြီးထက်မှာ နိုင်ငံတကာကအဆိုတော်တွေနဲ့အတူ အတူတကွဖျော်ဖြေခွင့်ရမယ်ဆိုတဲ့ သတင်း ကြားကြားချင်း ကျွန်တော့်အနေနဲ့ အရမ်းကို ဝမ်းသာမိတယ်။ တကယ်လို့ ကျွန်တော်စင်မြင့်ထက်ပေါ် ရောက်ခဲ့ရင် အောက်ကနေ မြန်မာပြည် က အဆိုတော်ကောင်လေးတစ်ယောက်က သီဆိုဖျော်ဖြေနေတာကို မျက်လုံးပေါင်း မြောက်များစွာ ကြည့်နေမှာကို ကျွန်တော် တွေးပြီး အရမ်းလည်း ရင်ခုန်ပါတယ်။အရမ်းလည်း စိတ်တွေ အရမ်းလှုပ်ရှားမိပါတယ်။
ဒီလိုကြီးကျယ်တဲ့ စင်မြင့်ထက်မှာ ဖျော်ဖြေဖို့ဆိုတာ ကျွန်တော့် အိမ်မက်တွေများစွာထဲက တစ်ခုပါ။ အခုတော့ ကျွန်တော်အိမ်မက်လေး အကောင်အထည်ပေါ်ပြီ။ အဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ အရမ်းစိတ်လှုပ်ရှားနေတယ်။ ကျွန်တော်ဘယ်လိုတွေ ဖျော်ဖြေမယ် ဘယ်လိုတွေ သီဆိုမယ်ဆိုတာကိုလည်း ကြိုတွေးပြီးတော့ အရမ်းကို ဝမ်းသာနေရပါတယ်" ဆိုပြီး Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုပေးထားပါတယ်။
ဒုတိယတစ်ကိုယ်တော်အခွေ ထွက်ရှိလာမယ့် သာဒီးလူ
AMN ဟာ Digital Media City Festival 2018 ပွဲတော်ကြီးရဲ့ ပရိုဂရမ် (၅)ခုထဲက နောက်ဆုံးပွဲတော် ပိတ်ပွဲတစ်ခုဖြစ်ပါတယ်။ Digital Media City Festival 2018 ပွဲတော်ကြီးမှာ ပါဝင်တဲ့ အစီအစဉ်တွေက (၁) k-pop Super Concert ၊ (၂) Radio Dj Concer ၊ (၃) The King of Masked Singer: The Winner ၊(၄) Korean Music Wave ၊ နဲ့Key ပါဝင်တဲ့ AMN Big Concert တို့ ဖြစ်ပါတယ်။
Digital Media City Festival 2018 ပွဲကြီးကို ကိုရီးယားနိုင်ငံ Seoul မြို့မှာ စက်တင်ဘာ(၅) ရက်နေ့ကနေ (၉)ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။
Key ဟာ လက်ရှိမှာ 1004 Entertainment ကနေ လက်တွဲပြီး အလုပ်လုုပ်ကိုင်လျက်ရှိပါတယ်။ လူငယ်မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိထားတဲ့ Key ဟာ သူ့ရဲ့ ပထမဆုံး အခွေဖြစ်တဲ့ KEYဟာလည်း ပရိသတ်တွေကြား အောင်မြင်မှု ရရှိထားတဲ့ အခွေတစ်ခွေလည်း ဖြစ်ပါတယ်။