အောင်မြင်သူကြီးနော်။

စိုင်းစိုင်းအတွက်ကတော့ အမှတ်တရဖြစ်စေမယ့် အကြောင်းအရာတွေကတော့ အများကြီး ဖြစ်လို့နေပါပြီ။မထင်မှတ်ဘဲ ကမ္ဘာကျော် Steve Nash နဲ့ တွေ့ဆုံခဲ့တာပါ။

Photo : စိုင်းစိုင်း

ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းခမ်းလှိုင်က  စပိန်နိုင်ငံမှာ ကျင်းပတဲ့ ဥရောပချန်ပီယံ ဗိုလ်လုပွဲ သွားကြည့်ရင်းနဲ့ သူကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော် အားကစားသမားတွေနဲ့တွေ့ဆုံခွင့်ရခဲ့တာတွေ့ရပါတယ်။ ဒီနေ့မှာလည်း ကမ္ဘာကျော် ဘတ်စကတ်ဘော ကစားသမားဟောင်း Steve Nash နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်ဆိုပြီး ပြောထားပါသေးတယ်။

“မထင်မှတ်ဘဲ (NBA hall of famer) Steve Nash နဲ့ တွေ့ခဲ့ရတယ် ကျနော်ရောက်သွားတော့ သူနဲ့ Dallas Mavericks က Luca Dončić နဲ့ TV interview ရိုက်ကူးနေတာပါ

တောင်ကြီးသားတစ်ယောက် NBA all star တစ်ယောက်နဲ့ အမှတ်တရ” ဆိုပြီး ဇွန်လ(၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo : စိုင်းစိုင်း

Steve Nash ဟာ ကမ္ဘာကျော် ဘတ်စကတ်ဘော ကစားသမားဟောင်းတစ်ယောက်ဖြစ်ပါတယ်။၁၉၉၆ခုနှစ်ကတည်းက ဘတ်စကတ်ဘော ကစားသမားဘဝကို ရပ်တည်ခဲ့ပြီး ဆုတံဆိပ်တွေ များစွာကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ ၂၀၁၅ခုနှစ်မှာတော့ ဘတ်စကတ်ဘော ကစားသမားဘဝက အနားယူခဲ့ပြီး ၂၀၁၇ခုနှစ်ကနေ ၂၀၁၈ခုနှစ်အတွင်း National Basketball Association မှာအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Photo : စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ဟာ ဇွန်လ ၃ ရက်နေ့ မနက်မှာ မြန်မာနိုင်ငံကို ပြန်လာနေပြီလို့ သိရပါတယ်။ သူသွားခဲ့ဖူးတဲ့ ခရီးစဉ်တိုင်းကလည်း မမေ့နိုင်စရာ အမှတ်တရတွေရှိတယ်ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မကြာခဏ ရေးသားလေ့ရှိပါတယ်။

Photo : စိုင်းစိုင်း

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က