Google apps နဲ့ services တွေ မပါဝင်တဲ့ Honor ရဲ့ ပထမဆုံး 5G ဖုန်းကို Live Stream လွှင့်ပြီး ကြေညာသွားပါတယ်။
Honor View 30 Pro ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတဲ့ Honor V30 Pro ကို global ဗားရှင်းအဖြစ် အမှတ်တံဆိပ်ပြောင်းထားတဲ့ ဖုန်းဖြစ်ပါတယ်။ dual punch-hole display သုံးထားပြီး Kirin 990 5G chipset နဲ့ စုစုပေါင်း ရှေ့နောက် ကင်မရာ ၅ လုံး ပါရှိပါတယ်။
Photo: pocket-lint
LCD အမျိုးအစား display သုံးထားပြီး မျက်နှာပြင် ၆.၅၇ လက်မ ပါရှိပါတယ်။ display ဘယ်အပေါ်ထောင့်မှာ ရှိတဲ့ dual punch-hole ပေါက်ထဲမှာ 32MP နဲ့ 8MP ကင်မရာ နှစ်လုံး ပါရှိပြီး ကျောဘက် လေးထောင့်စတုဂံကင်မရာကွက်ထဲမှာ 40MP main ကင်မရာ ၊ 12MP wide-angle နဲ့ 8MP tele lens ဆိုပြီး ကင်မရာ ၃ လုံး သုံးသွားပါတယ်။
processor ဟာ dual-mode 5G support ပေးထားပြီး RAM 8GB ၊ 128GB/256GB storage ဗားရှင်းတွေ ထွက်ထားပါတယ်။ 4100 mAh ဘက်ထရီဟာ 40W wired charging နဲ့ 27W wireless charging ပံ့ပိုးထားတဲ့အပြင် တစ်ခြား wireless charging ရတဲ့ ဖုန်းတွေကိုပါ အားပြန်သွင်းပေးနိုင်မယ့် reverse wireless charging ပါရှိပါတယ်။
Honor View 30 Pro ဟာ မကြာခင် ရုရှားဈေးကွက်ထဲ ဖြန့်ချိသွားမယ်လို့ ကြေညာထားပေမယ့် ဈေးနှုန်း မသိရသေးပါဘူး။ အရင် Honor V30 Pro (RAM 8GB/128GB storage ဗားရှင်း) ကို ၃၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းကျော်) ဈေးနဲ့ စတင်ရောင်းချခဲ့ပါတယ်။