ကမ္ဘာပေါ်မှာ ၁၉၃၆ ခုနှစ်မှ ၁၉၃၈ ခုနှစ်အတွင်း ၄ စီးသာ ထုတ်လုပ်ခဲ့တဲ့ 57 SC Atlantic ရှေးဟောင်းကားကို အခြေခံပြီး ပြန်လည်ဆန်းသစ် ထုတ်လုပ်ကာ အင်ဂျင်ပါဝါကတော့ W16 အင်ဂျင်အမျိုးအစားကို ထည့်သွင်းထားလို့ တစ်နာရီကို မိုင် ၂၆၀ အထိ မောင်းနှင်နိုင်ပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကားကို ရော်နယ်ဒို ဝယ်စီးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အ ကြောင်း Daily Mail သတင်းဌာနက ဖော်ပြပါတယ်။ သတင်းတွေအရ ရော်နယ်ဒိုအနေနဲ့ ယူရို ၁၁ သန်း (ပေါင် ၉.၄၉သန်း) တန်ကြေးရှိတဲ့ ပြိုင်စံရှား ဘတ်ဂတ်တီ ဇိမ်ခံကားကို ၂၀၁၉ ခုနှစ် ဂျီနီဗာကားပြပွဲမှာ ဝယ်ယူခဲ့တာလို့လည်း သတင်းတွေက ပြောပါတယ်။
ရှေးဟောင်း ကားဒီဇိုင်းကို အခြေခံပြီး ပြန်လည်ဆန်းသစ် ထုတ်လုပ်ထားတဲ့ကားဖြစ်ပြီး ကုမ္ပဏီတည်ထောင်ခြင်း နှစ်ပေါင်း ၁၁၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်လိုက်တာလည်း ဖြစ်ပါတယ်။
အခုထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကားကတော့ စိတ်ကူးယဉ်ဆန်ပြီး ဘတ်ဂတ်တီတို့ရဲ့ ပထမဆုံးမျိုးဆက် 57 SC Atlantic ကားဒီဇိုင်းကို ပြန်လည်ဆန်းသစ်ထားပါတယ်။ အဲ့ဒီကားအမျိုးအစားကိုတော့ ၁၉၃၆ ခုနှစ်မှ ၁၉၃၈ ခုနှစ်အတွင်း ၄ စီးသာ ထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကားရဲ့ ပါဝင်ကတော့ ၈ လီတာရှိတဲ့ တာဘိုထည့်သွင်းထားသလို အင်ဂျင်ကိုလည်း W16 engine ထားတာ ကြောင့် တစ်နာရီကို မိုင် ၂၆၀ အထိ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဘတ်ဂတ်တီ ကုမ္ပဏီက ပထမဆုံး မော်ဒယ်အသစ်အတွက် ပိုင်ရှင်အသစ် ပေါ်လာတော့မယ် လို့ တရားဝင် ကြေညာခဲ့ပေမယ့်လည်း မည်သူဆိုတာကိုတော့ ထုတ်ဖော်ပြောလာခြင်း မရှိသေးပါဘူး။
ပိုင်ရှင်အနေနဲ့ ကားကို ဝယ်ယူနိုင်ပြီဆိုရင်တောင်မှ ၂၀၂၁ ခုနှစ်မတိုင်ခင်အထိ မောင်းနှင်နိုင်ဦးမှာ မဟုတ်ပဲ အသေးစိတ် အချက်အလက်တွေကို စစ်ဆေး အတည်ပြုပြီးတဲ့အထိ စောင့်ရမှာကြောင့် ဖြစ်ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ တန်ကြေးမြင့် ဇိမ်ခံကားတွေဖြစ်တဲ့ Mercedes C Class Sport Coupe, a Rolls-Royce Phantom, a Ujn Ferrari 599 GTO, a Lamborghini Aventador LP700-4, an Aston Martin DB9, a McLaren MP4 12C နဲ့ a Bentley Continental GTC Speed တို့ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်တယ်လို့ Daily Mail ကဖော်ပြပါတယ်။