အရည်အသွေးမြင့်မားသလောက် စံချိန်စံညွှန်းတွေမြင့်မားလှတဲ့ Rolls-Royce မော်တော်ကား Service Center ကိုမြန်မာနိုင်ငံမှာဖွင့်လှစ်ခွင့်ရသွားတဲ့ Prestige Automobiles ကုမ္ပဏီဟာ BMW ကားတွေနဲ့ဆက်စပ်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာတရားဝင်ရောင်းချခွင့်ရရှိထားတဲ့ ကုမ္ပဏီ
Sponsored bylogo

 

သက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းဇိမ်ခံကားအမျိုးအစားဖြစ်တဲ့ Rolls-Royce မော်တော်ကားတွေ ကိုပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဆောင်ပေးမယ့် Service Center ကိုမြန်မာနိုင်ငံမှာ Prestige Automobiles ကုမ္ပဏီက ဖွင့်လှစ်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

အရည်အသွေးမြင့်မားသလောက် စံချိန်စံညွှန်းတွေမြင့်မားလှတဲ့ Rolls-Royce မော်တော်ကား Service Center ကိုမြန်မာနိုင်ငံမှာဖွင့်လှစ်ခွင့်ရသွားတဲ့ Prestige Automobiles ကုမ္ပဏီဟာ BMW ကားတွေနဲ့ဆက်စပ်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာတရားဝင်ရောင်းချခွင့်ရရှိထားတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။

Prestige Automobiles ဟာ Rolls-Royce ကနေစနစ်တကျသင်ကြားပေးထားပြီး အရည်အချင်းလည်းပြည့်ဝတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ Rolls-Royce မော်တော်ကားတွေအတွက် မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဝန်ဆောင်မှုပေးတဲ့နေရာမှာ အရည်အသွေးကောင်းမွန်တဲ့ ကိရိယာတွေကို အသုံးပြုကာ Rolls-Royce မော်တော်ကားမော်ဒယ်အားလုံးကို စတုရန်းမီတာ ၆၀၀၀ ရှိတဲ့အဆောက်အဦမှာ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး အပိုပစ္စည်း အစုံအလင်ကိုလည်းရရှိနိုင်မယ်လို့ သိရပါတယ်။

 

ဒါ့အပြင် Prestige Automobiles ကကျွမ်းကျင်ပညာရှင်တွေဟာ လိုအပ်ပါက အင်္ဂလန်နိုင်ငံက Rolls-Royce ရုံးချုပ်နဲ့ တစ်ရက်ကို ၂၄ နာရီလုံး တိုက်ရိုက် ချိတ်ဆက်ပြီး နောက်ဆုံးပေါ်သတင်းအချက်အလက်တွေကိုရယူကာ ဝန်ဆောင်ပေးနိုင်မယ်လို့လည်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိအချိန်မှာ Roll Royce အရောင်းပြခန်းကို မြန်မာနိုင်ငံမှာမဖွင့်လှစ်နိုင်သေးပေမယ့် မြန်မာနိုင်ငံကနေ Rolls-Royce မော်တော်ကားဝယ်ယူလိုသူတွေအနေနဲ့ Rolls-Royce Motor Cars Asia Pacific နဲ့ချိတ်ဆက်ပြီး ဝယ်ယူနိုင်အောင်လည်း Prestige Automobiles က ကူညီမိတ်ဆက် ဝန်ဆောင်မှုပေးသွားဦးမှာဖြစ်ကာ မကြာမီမှာ Rolls-Royce မော်တော်ကား အရောင်းပြခန်းကို ဖွင့်လှစ်နိုင်အောင်ပါ စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။

Rolls-Royce မော်တော်ကားဝန်ဆောင်မှုစင်တာကို အမှတ်-၄၈၅ ၊ ပြည်လမ်းနဲ့ နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာဖွင့်လှစ်ပြီး နေ့စဉ် မနက် ၈း၃၀ နာရီကနေ ညနေ ၅း၃၀ နာရီအထိ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က