Huawei ဖုန်းတွေမှာ security patch အချိန်မီ ဖြေရှင်းနိုင်ပါတော့မလား

ဆိုင်ဘာလုံခြုံရေး ခြိမ်းခြောက်မှုသစ်တွေအကြောင်း အချက်အလက်သစ် မျှဝေမှုကို Huawei အနေနဲ့တိုကိုက်မှု တုန့်ပြန်ရေးနဲ့လုံခြုံရေးအဖွဲ့အစည်းများ ဖိုရမ် FIRST ဆီက ရတော့မှာ မဟုတ်ပါဘူး။


သတင်းအချက်အလက် လုံခြုံရေး ပြဿနာတွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရပိုင်းရဲ့ စိုးရိမ်ချက်တွေနဲ့ရင်ဆိုင်နေရတဲ့ Huawei ဟာ နည်းပညာနယ်ပယ်အတွင်း သတင်းအချက်အလက်များ လုံခြုံရေးပိုင်း တာဝန်ယူထားတဲ့ FIRST အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ဆိုင်းငံ့ခံရတယ်လို့Wall Street Journal က ဆိုပါတယ်။

Photo: sdxcentral

FIRST လိုမျိုး ဆိုင်ဘာလုံခြုံရေးဖိုရမ်ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ခံရခြင်းကြောင့် Huawei အနေနဲ့လုံခြုံရေး ပလက်ဖောင်းနဲ့နည်းပညာတွေပေါ် သက်ရောက်လာမယ့် ခြိမ်းခြောက်မှုသစ်တွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မျှဝေမှုကနေပါ ဖယ်ရှားခံရမှာပါ။ အကျိုးဆက်အနေနဲ့Huawei ထုတ်ကုန်တွေအတွက် security ပိုင်း ပြဿနာတက်လာချိန်မှာ ဖြေရှင်းဖို့နှောင့်နှေးကြန့်ကြာမှုတွေ ရှိလာနိုုင်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေ ကတည်းက တည်ထောင်ထားတဲ့ FIRST ဖိုရမ်ဟာ ဆိုင်ဘာတိုက်ခိုက်မှုနဲ့လုံခြုံရေးပြဿနာကြီးတွေကို ဖြေရှင်းဖို့တာဝန်ယူထားတဲ့ တရားမဝင် ကယ်ဆယ်ရေးတယ် Informal First Responder တစ်ခုအဖြစ် အသိအမှတ်ပြုခံရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ် ။

FIRST မှာ ပါတဲ့ member တွေဟာ ဆိုင်ဘာကာကွယ်ရေးတွေ လုပ်ဆောင်ဖို့အတွက် လုံခြုံရေး အားနည်းချက်တွေ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့သတင်းအချက်အလက်တွေ မျှဝေကြတာပါ။ ဒီဖိုရမ်မှာဆိုရင် အမေရိကန်ပြည်ထဲရေးဌာနနဲ့ယူကေက အမျိုးသားဆိုင်ဘာလုံခြုံရေး စင်တာတို့လို High-Profile member တွေလည်း ပါဝင်ကြပါတယ်။

Photo: forbes

Wall Street Journal ရဲ့ ဖော်ပြချက်အရ FIRST ဖိုရမ်ပေါ် မျှဝေတဲ့ သတင်းအချက်အလက်တစ်ချို့ဟာ အမေရိကန်အစိုးရရဲ့ Huawei ပေါ် ကုန်သွယ်ရေးပိတ်ပင်မှုကို မလိုက်နာရာရောက်နိုင်တာကြောင့် ဖိုရမ်ရဲ့ တရားရေးအဖွဲ့ကနေ Huawei ရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ဆိုင်းငံ့ဖို့အကြံပေးခဲ့တာလို့ဆိုပါတယ်။

Huawei ဟာ စက်တင်ဘာ ၁၉ ရက် (ဒီနေ့) မှာ Google apps နဲ့services တရားဝင် ထည့်သွင်းမထားတဲ့ Huawei Mate 30 series သစ်ကို မိတ်ဆက်တော့မှာပါ။ Huawei ဟာ Bluetooth SIG ၊ Wi-Fi Alliance နဲ့SD Association တို့လို အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းခွင့် ရပ်ဆိုင်းခံထားရပါတယ်။

Share

Loading Next Article...
က္က