သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားလို့နေပါတယ်။

ထပ်ဆင့်အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင်က Pride Of Myanmar Awards 2018 ဆုချီးမြှင့်ပွဲကြီးမှာ ၂၀၁၈ ခုနှစ်အတွင်းလွှမ်းမိုးမှုအရှိဆုံးဆုရှင်တွေထဲက ဖျော်ဖြေရေးကဏ္ဍအတွက် ဆုရှင်တစ်ဦးဖြစ်လာပါတယ်

Photo: Pride Of Myanmar



 အိန္ဒြာကျော်ဇင် က ၂၀၁၈ ခုနှစ်အတွင်းလွှမ်းမိုးမှုအရှိဆုံးဆုရှင်တွေထဲက ဖျော်ဖြေရေးကဏ္ဍအတွက် ဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သူ့ရဲ့ ရင်ခုန်သံ စကားကိုလည်း အခုလို ပြောပြလာပါတယ်။

‘’ ဒီဆုကို ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်လည်းယူမိပါတယ်။ ဒီဆုကို ရတဲ့အတွက် တာဝန်လည်းကြီးသွားတယ်လို့ ထင်မိပါတယ်။ မြန်မာနိုင်ငံအတွက်ကိုလည်း ကိုယ်တတ်နိုင်တဲ့ဘက်က အကောင်းဆုံးဖြစ်အောင် ပံ့ပိုးနိုင်သလောက် ကြိုးစားသွားမယ်လို့လည်းပြောချင်ပါတယ်’’ ဆိုပြီးတော့ စိတ်လှုပ်ရှားရင်းပြောပြခဲ့ပါတယ်။

Photo: Win Ni Aung

အနုပညာနဲ့ပတ်သက်ပြီး ဘက်စုံထူးချွန်သူ တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်အတွက်ကိုလည်း Pride Of Myanmar A Ward Facebook Page ကနေ ဂုဏ်ပြုအမှတ်တရ စာသားတင်ခဲ့ပါသေးတယ်

‘’ဘက်စုံထူးချွန်သော အကယ်ဒမီဆုများရှင် အမျိုးသမီးသရုပ်ဆောင်၊ အလှအပနှင့်ဆိုင်သော ဆုများစွာရရှိထားသူ၊ ပရိတ်သတ်များက လေးစားအားကျ အတုယူရသော စံပြအမျိုးသမီး - အိန္ဒြာကျော်ဇင် - ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား’’ ဆိုပြီးတော့ Pride Of Myanmar A Ward Facebook Page မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၉ နာရီ ၅၇ မိနစ်က ရေးသားခဲ့တာတွေ့ရပါတယ်။

Photo: Win Ni Aung

အိန္ဒြာကျော်ဇင်ဟာ ၂၀၀၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အဖြစ် ‘’ မျက်နှာများတဲ့ မိုးကောင်းကင်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယမြောက် အကယ်ဒမီ ထူးချွန်ဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Photo: Win NI Aung

အိန္ဒြာကျော်ဇင်က အနုပညာလောကထဲကို ၁၉၉၆ ခုနှစ်ကစပြီး မော်ဒယ်တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့ တာဖြစ်ပါတယ်။ Miss Contest ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး Miss Kokkine နှင့် Miss Christmas ဆုများကို တစ်နှစ်တည်းမှာပင် ရရှိခဲ့သည် ။ တီဗီကြော်ငြာပေါင်းများစွာ၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယိုုဇာတ်ကားပေါင်းများစွာ တို့ကို ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူတစ်ဦးပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပပြုလုပ်တဲ့ ကဏ္ဌအသီးက ထူးချွန်ထက်မြက်သူတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ Pride of Myanmar Awards 2018 ဆုပေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညက ပြည်လမ်းနဲ့ စကားဝါလမ်းထောင့်ရှိ Pegu Club မှာ စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီပွဲမှာ အိန္ဒြာကျော်ဇင် နဲ့ အတူ စီးပွားရေး လုပ်ငန်းရှင် ကိုထက်မြတ်ဦး၊ လူထုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေသူ Joshua ချစ်ထွန်း၊ ပန်းချီပညာရှင်ကြီး ဦးလွန်းကြွယ်၊ ကိုမိုးစက်၊ အားကစားသမား အောင်သူ၊ ဖက်ရှင်ရေးရာမှာ ထူးချွန်သူ မေမြတ်နိုး၊ Beauty Blogger မှာ အောင်မြင်သူအဖြစ် နေခြည်ဦး တို့ကလည်း ဆုအသီးသီးရရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က