ဥရောပချန်ပီယံလီဗာပူးအနေနဲ့ လာမယ့်ဒီဇင်ဘာလအတွင်း ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပွဲစဉ်တွေ က စားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
၂၀၁၉-၂၀ ဘောလုံးရာသီပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်များတွင် ရလဒ်ကောင်းများရရှိထားပြီး အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းအနေနဲ့ ၂၀၁၉ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံများဖလားပြိုင်ပွဲ ကြောင့် လာမယ့်ဒီဇင်ဘာလအတွင်း ပွဲကြပ်ကာလနဲ့ရင်ဆိုင်ရဖို့ရှိနေတယ်လို့ As.com က ဖော်ပြလာ ပါ တယ်။
အခုနှစ်အတွက် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံများဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ကနေ ၂၁အထိကြာမြင့်မှာဖြစ်ပြီး လီဗာပူးအသင်းအနေနဲ့ ဆီမီးဖိုင်နယ် အဆင့်ကနေ စပြီးကစားရမှာလည်းဖြစ်ပါတယ်။
လီဗာပူးအသင်းအနေနဲ့ လာမယ့်ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲကစားရဖို့ရှိနေပြီး အဲဗာ တန်၊ လက်စတာ၊ ဘုန်းမောက်၊ ဝက်ဖို့ဒ်၊ ဝုလ်ဗာဟမ်တန်တို့ကိုရင်ဆိုင်ရမှာဖြစ်တဲ့အပြင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၆ အဖြစ် ဆဲလ်ဘတ်အသင်းနဲ့ရင်ဆိုင်ကစားရဖို့ရှိနေတာပါ။
၂၀၁၉ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆီမီးဖိုင်နယ်အဆင့်တွေ ရောက်နေပြီဖြစ်တဲ့ အာရှကလပ်ချန်ပီယံနဲ့ တောင်အမေရိကဇုန်ကလပ်ချန်ပီယံအသင်းတွေပေါ်ထွ က်ဖို့ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဖလားပွဲစဉ်ဇယားအရ ပထမအဆင့်ပွဲစဉ်အဖြစ် အိမ်ရှင်ကာတာ ကလပ်အယ်လ်ဆက်ဒ်- သမုဒ္ဒရာပိုင်းဇုံချန်ပီယံ Hienghene Sport ပွဲစဉ်မှ အနိုင်ရမယ့်အသင်းနဲ့ ဒုတိ ယအဆင့်ပွဲစဉ်အဖြစ် ကွန် ကာကပ်ဖ်ဇုန်ချန်ပီယံ မွန်တာရေးလ်အသင်းတို့ပွဲစဉ်ကမှ အနိုင်ရမယ့်အသ င်းကို ဆီမီးဖိုင်နယ်အဆင့်အဖြစ် လီဗာပူးအသင်းက ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။