ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဂက်ဘရီရယ်ဂျီးဆပ်က ကမ္ဘာ့ဖလားအပြီးဟာ ၎င်းရဲ့ကစားသမားဘဝမှာ အခက်ခဲဆုံးအခိုက်အတံ့ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ၎င်းရဲ့ ခြေစွမ်းရပ်တန့်သွားတာဟာ ပုံမှန်ပဲလို့ ပြောကြားခဲ့ပါတယ်။
ဂက်ဘရီရယ်ဂျီးဆပ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆိုးရွားတဲ့အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ဘရာဇီးလ်အသင်း ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရတဲ့အချိန်အထိ ပြိုင်ပွဲတလျှောက်လုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။
စနေနေ့မှာ ပနားမားနဲ့ကစားရမယ့် ခြေစမ်းပွဲစဉ်မတိုင်မီမှာ ဂက်ဘရီရယ်ဂျီးဆပ်က ၎င်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲက ဒုက္ခတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
“အဲဒါတွေက ဒီနေ့မှာ ကျွန်တော့်အပေါ်မှာ ပိနေတာမျိုးမရှိတော့ပါဘူး။ ဒါပေမယ့် အဲဒါကို လက်ခံဖို့ကတော့ အရမ်းခက်ခဲခဲ့ပါတယ်”
“ကျွန်တော့် မိသားစုနဲ့ သူငယ်ချင်းတွေက အကူအညီအများကြီးပေးခဲ့ကြပါတယ်”
“ကျွန်တော့်ရဲ့ဆိုးရွားတဲ့ပုံစံကြောင့် ဒီနေ့ ဒီလိုအချိန်မှာ နေထိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဂူရိုရဲ့ ကောင်းမွန်တဲ့အကူအညီကြောင့်သာ နေနိုင်တာပါ”
“ကျွန်တော် ကစားတဲ့အချိန်မှာ အသင်းကို အကူအညီပေးပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော် အများကြီး တွေးမိနေတုန်းပဲ။ ကစားသမားတစ်ယောက်အနေနဲ့ အဲဒီအချိန်တွေက အခက်ခဲဆုံးအခိုက်အတံ့တွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီပြဿနာကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ နေရာကို နောက်ထပ်တစ်ကြိမ် သိမ်းပိုက်မယ်။ အဲဒါက ကျွန်တော့်ကို ရာသီအစမှာပဲ အံ့အားသင့်စေခဲ့တာဖြစ်ပြီး အကြာကြီးတော့ လှုပ်ခတ်စေခဲ့တာမဟုတ်ပါဘူး”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။