အဆိုတော် အယောက်(၂၀) ပါဝင်သီဆိုထားတာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ သူကိုယ်တိုင်ရေးထားတဲ့ သီချင်းဖြစ်တဲ့ "ကမ္ဘာမြေ" သီချင်းကနေ ရရှိလာမယ့် ငွေကြေး အားလုံးကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ 

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်ဟာ "ကမ္ဘာမြေ" သီချင်းကို ဖုန်း Ring Tune ၊ Youtube နဲ့ FM တွေမှာ လွှင့်တဲ့အခါ ရရှိလာမယ့် ငွေကြေးအားလုံးကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ 

" 'ကမ္ဘာမြေ' သီချင်းကို အားလုံးအတွက် လက်ဆောင်အနေနဲ့ အခမဲ့ ဖြန့်ချိခဲ့ပေမယ့် ဝင်ငွေရမယ့်လမ်းကြောင်းတွေရှိနေပါသေးတယ်။ ဖုန်း Ring Tune ထားတာရယ်၊ YouTube မှာရယ်၊ FM တွေမှာ လွှင့်တာရယ်က ပိုက်ဆံနည်းနည်းပါးပါးပြန်ရပါဦးမယ်။ အများကြီးတော့မဟုတ်ဘူးပေါ့။ ဘယ်လောက်ရရ ရသမျှ အားလုံးကို ပြန်လှူပါမယ်" ဆိုပြီးတော့ ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Sai Sai

"ကမ္ဘာမြေ" သီချင်းဟာ စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင်ရေးထားတဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းမှာ တော့ စိုင်းစိုင်းခမ်းလှိုင် အပါအဝင် မျိုးကျော့မြိုင်၊ အဲလက်စ်၊ဟန်ထွန်း၊ Rဇာနည်၊ ဖြိုးကြီး၊ ကိုအောင် ၊ သအို၊ ဘန်နီဖြိုး၊ နေဝင်း၊ ဖြိုးလေး၊ G Fatt၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ မောင်မောင်ပြည့်စုံ၊ ပန်းရောင်ခြယ်၊ Mary၊ Jewel ၊ Gabriel Phway နဲ့ အမရာဘုဏ်း စတဲ့ အဆိုတော် စုစုပေါင်း အယောက် (၂၀) တို့က ပါဝင်သီဆိုခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းMTVကိုတော့ ဧပြီလ ၁၉ ရက်နေ့က စပြီး စိုင်းစိုင်းရဲ့ Facebook Page မှာ တင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အားပေးကြည့်ရှုသူပေါင်း (၃)သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ Birthday Show ပြုလုပ်ခဲ့တဲ့ Sai Sai Pay ကနေတဆင့် ရရှိထားတဲ့ အလှူငွေတွေကိုလည်း COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ကော်မတီ စတဲ့နေရာတွေမှာ ငွေကျပ် သိန်း(၃၀၀) စီ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ အလှူငွေကျပ် သိန်း(၂၀၀) ကျော်နဲ့ USD 3000 ကျန်ရှိနေသေးတာကြောင့် လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားဦးမယ်လို့လည်း စိုင်းစိုင်းက ပြောပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင် ဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က