ချစ်သူရဲ့ မွေးနေ့ Surprise ကြောင့်ပျော်ခဲ့ရသူလေး။

G Fatt က ချစ်သူ နန်းဆုရတီစိုး လုပ်ပေးတဲ့ မွေးနေ့ Surprise ကြောင့် အရမ်းကို ပျော်ခဲ့ရပြီး နန်းဆုပေးတဲ့ မွေးနေ့ လက်ဆောင်ကြောင့်လည်း အရမ်းကို ပျော်ခဲ့ရပါတယ်။

Photo : G Fatt FB

အဆိုတော် G Fatt ကတော့ သူ့ကိုယ်သူ ကမ္ဘာမှာ ကံအကောင်းဆုံး လူသားတစ်ယောက်ပါတဲ့။ သူရဲ့ မွေးနေ့မှာ ချစ်သူလေးရဲ့ မွေးနေ့ Surprise ကြောင့် G Fatt တစ်ယောက် အရမ်းကို ပျော်ခဲ့ရပါတယ်။ ဒီဇင်ဘာ(၃၁) ရက်နေ့သူ့ရဲ့ မွေးနေ့ညလေးဟာ တကယ့်ကို အမှတ်တရ ညတစ်ညပါပဲလို့ G Fatt က ပြောထားပါသေးတယ်။

“New Year Show အတွက် သီချင်းတိုက်နေတုန်း ..သူSurprise လာလုပ်ပေးတာ .. ? တကယ့်ကို အမှတ်တရ ည ပါပဲ .. သူ့ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးများစွာ တင်ရပါတယ် .. ကမ္ဘာမှာကံအကောင်းဆုံးလူသားလို့ ကိုယ့် သူငယ်ချင်းတွေကို ပါတ်ကြွား လိုက်တယ်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်မှာ ချစ်သူနန်းဆုရတီစိုး မွေးနေ့ Surprise လုပ်ထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပြီး ဇန်နဝါရီ(၁) ရက်နေ့ ညက ပြောထားတာပါ။

Photo : G Fatt FB

ဒီနှစ်မွေးနေ့မှာလည်း အရမ်းလိုချင်တဲ့ လက်ဆောင်လေး ရလို့ G Fatt မှာ ပိုလို့ ပျော်နေရပါတယ်။

“ဒီနှစ်အတွက် အရမ်းလိုချင်တဲ့လက်ဆောင်လေးရလို့အရမ်းပျော်အရမ်းချစ်ရမယ့်သူတယောက်တိုး

Thank u love❤️❤️❤️အချစ်ဆုံးသမီးလေး” ဆိုပြီး G fatt က ပြောထားပါသေးတယ်။ နန်းဆုရတီစိုးက G Fatt လိုချင်တဲ့ ခွေးလေးတစ်ကောင်ကို မွေးနေ့လက်ဆောင်ပေးခဲ့တာပါ။

Photo : G Fatt FB

G Fatt ရဲ့ မွေးနေ့မှာ နန်းဆုရတီစိုးက ယခုလို မွေးနေ့ဆုတောင်းစကားလေး ပြောထားတာတွေ့ရပါတယ်။

“မွေးနေ့မှာ ပျော်ရွှင်ပါစေ ချမ်းမြေ့ပါစေ. အသက်တစ်နှစ်ပြီး တစ်နှစ် တိုးနေသလို အောင်မြင်မှုတွေ ပိုတိုးပါစေ ပျော်ရွှင်မှုတွေ အချစ်တွေ မေတ္တာတွေလည်း ပိုတိုးလာပါစေ ဒီနှစ်တွေမှာ ဘေးနားမှာအတူနေပေးပြီး ကောင်းတိုင်ပင်ဆိုးတိုင်ပင် အခက်အခဲများကို အတူတူဖြတ်ကျော်ပြီး ကူညီပေးခဲ့တာတွေ သင်ပေးခဲ့တာတွေ ဂရုစိုက်ပေးခဲ့တာတွေ စိတ်ညစ်ဝမ်းနည်းရချိန်မှာလည်း အတူတူမျှဝေခံစားပေးပြီး ပျော်ရွှင်စရာတွေ အတူတူကူဖန်တီးပေးခဲ့အတွက် ရင်ထဲက လှိုက်လှိုက်လှဲလှဲဝမ်းသာကျေးဇူးတင်ပါတယ် '' လို့ ဆိုပါတယ်.

Photo : G Fatt FB

အဲ့ဒီနောက် တစ်နှစ်ထက် တစ်နှစ် မပြောင်းလဲ တဲ့ အချစ်တွေနဲ့ ခိုင်ခိုင်မာမာနေသွားဖို့ကိုလည်း နန်းဆုရတီစိုးက ဆက်လက်ပြီး ဆုတောင်းပေးခဲ့ပါသေးတယ်.

''လာမယ့်နှစ်သစ်တွေ နှစ်သစ်တွေမှာ ပိုတိုးလာမယ်လို့လည်း ယုံကြည်ပါတယ်.နှစ်သစ်ကူးအပြောင်းမှာမွေးလို့ အပြောင်းအလဲမများပဲ ပိုဆန်းသစ်သော အချစ်တွေနဲ့သာအမြဲပြည့်စုံနေပါစေ Happy Birthday'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်စောစော ၁၂ နာရီ ၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။



Photo : G Fatt FB

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။

Share

Loading Next Article...
က္က