Death Valley အမျိုးသားဥယျာဥ်အတွင်း အပူချိန် ၅၄.၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အမြင့်ဆုံး အပူချိန်ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Death Valley အမျိုးသားဥယျာဥ်အတွင်း မှတ်တမ်းတင် တွေ့ခဲ့ရပါတယ်။

(Image: CNN Weather screengrab)

Death Valley အမျိုးသားဥယျာဥ်အတွင်း တနင်္ဂနွေနေ့ (ဩဂုတ် ၁၆ ရက်) မှာ အပူချိန် ၅၄.၄ ဒီဂရီဆဲလ်စီးယပ်စ် (၁၃၀ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ကြောင်း မှတ်တမ်းတင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အပူချိန်မှတ်တမ်းကို အမေရိကန် မိုးလေဝသဌာန (US National Weather Service) က အတည်ပြုနိုင်ရန် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အကယ်၍ အပူချိန်ကို အတည်ပြုနိုင်ခဲ့ပါက နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်တင်မယ်လို့ CNN သတင်းက ဖော်ပြပါတယ်။



(Photo: Reuters)

အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းမှာ အပူလှိုင်းကျရောက်နေစဥ်အတွင်း အမြင့်ဆုံး အပူချိန် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ထိုဒေသတွေမှာ ယခုသီတင်းပတ်အတွင်း အပူချိန်မြင့်တက်မှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ အပူချိန်မြင့်တက်မှုတွေကြောင့် စနေနေ့ (ဩဂုတ် ၁၅ ရက်) က ဓာတ်အားပေးစက်ရုံ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ရာ ကယ်လီဖိုးနီးယားမှာ နှစ်ရက်ကြာ ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။ အပူချိန် မြင့်တက်လွန်းမှုကြောင့် လေဆင်နှာမောင်းပုံစံ မီးတောက်ဖြစ်ပေါ်မှု (firenado) ကို ကယ်လီဖိုးနီးယားပြည်နယ် Lassen ကောင်တီမှာ တွေ့ခဲ့ရကြောင်း BBC သတင်းက ပြောပါတယ်။

(Photo: Richard Brian/Las Vegas Review-Journal/AP)

ယခင်က ကမ္ဘာပေါ်မှာ အမြင့်ဆုံး အပူချိန်အဖြစ်လည်း Death Valley အမျိုးသားဥယျာဥ်အတွင်း ၁၉၁၃ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့မှာ အပူချိန် ၅၆.၆ ဒီဂရီဆဲလ်စီးယပ်စ် (၁၃၄ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး စံချိန်တင်ထားကြောင်း သိရပါတယ်။ အမေရိကန်မှာ အနောက်တောင်ပိုင်းရှိ အာရီဇိုးနားမှ အနောက်မြောက်ပိုင်းရှိ ဝါရှင်တန်ပြည်နယ်အထိ အပူလှိုင်းကျရောက်မှု ဖြစ်ပေါ်နေပါတယ်။

အပူလှိုင်းကျရောက်မှုဟာ တနင်္လာ‌နေ့ (ဩဂုတ် ၁၇ ရက်) နဲ့ အင်္ဂါနေ့ (ဩဂုတ် ၁၈ ရက်) တို့မှာ အထိတ်အထိပ်ဖြစ်လာပြီး ယခုသီတင်းပတ်နှောင်းပိုင်းမှာ အပူချိန်များ စတင်လျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။ သို့သော် ထိုဒေသတွေမှာ နောက်ထပ် အနည်းဆုံး ၁၀ ရက်ကြာ ပူပြင်းနေမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က