၂၀၂၀ မှာ ထိပ်တန်း ကုမ္ပဏီ ၅ ခုစာရင်းဝင်ဖို့မျှော်မှန်းထားတာပါ

Huawei ရဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Honor ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့နံပါတ် ၃ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ဖြစ်ဖို့ရည်မှန်းထားပါတယ်။



IMG_0479.jpg

Photo: Mobile World Live

 

၂၀၁၉ မှာ Honor ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G ဖုန်းထုတ်လုပ်သွားမယ်လို့ကုမ္ပဏီဥက္ကဌ ဂျော့ချ ဇောင်အိုက ဆိုပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့က  ဘေဂျင်းမှာ ကျင်းပသွားတဲ့ ကမ္ဘာ့ INS ကွန်ဖရင့်မှာ ပြောကြားခဲ့တာပါ။

ဇောင်အိုဟာ နောက်နှစ်ထဲ မိတ်ဆက်သွားမယ့် Honor 5G ဖုန်းအကြောင်း အသေးစိတ် ပြောကြားခြင်း မရှိခဲ့ပေမယ့် တန်ဖိုးသင့်မော်ဒယ်တွေပဲ ထုတ်တဲ့ Honor ဖုန်းတွေမှာ 5G ပါလာမှာ ဖြစ်လို့ပဉ္စမမျိုးဆက် မိုဘိုင်းလ်အင်တာနက် ချိတ်ဆက်မှုဟာ လူတန်းစားမရွေးဆီ အမြန် ပျံ့နှံ့သွားဖို့ရှိပါတယ်။

မကြာသေးခင်ကပဲ စမတ်ဖုန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Samsung ၊ LG ၊ Vivo ၊ OPPO နဲ့OnePlus တို့ဟာ လာမယ့်နှစ်မှာ 5G ဖုန်းတွေ ထုတ်လုပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ကြေငြာခဲ့ပါတယ်။ ကမ္ဘာကျော် chipmaker ဖြစ်တဲ့ Qualcomm ကတော့ နှစ်ဆန်းပိုင်းကတည်းက 5Gbps အထိ လိုင်းဆွဲအား ရှိတဲ့ X50 modem ကို မိတ်ဆက်ထားပါတယ်။ ဒီ X50 modem ကတော့ OEM ပေါင်း ၁၉ ခုမှာ နောက်နှစ်ကစပြီး သုံးနိုင်မယ်လို့ဆိုပါတယ်။

5G ကွန်ရက်သစ်မှာတော့ ရှိပြီးသား 4G ကွန်ရက်တွေကို Bandwidth မြှင့်သွားမှာ ဖြစ်ပြီး ဒေတာအမြန်နှုန်းနဲ့ကွန်ရက်အရည်အသွေးပိုင်းမှာ အဆင့်မြှင်တင်သွားမှာပါ။ တစ်ခုရှိတာက 5G ကွန်ရက်ကို ၂၀၁၉ ပထမသုံးလပတ်အထိ သုံးနိုင်ဖို့မလွယ်သေးပါဘူး။ 5G ကို တရုတ် ၊ တောင်ကိုရီးယားနဲ့အမေရိကန်တို့မှာပဲ ပထမဆုံး သုံးနိုင်ဖို့ရှိနေပါတယ်။

Photo: wccftech

 

Honor ဟာ 5G ဖုန်းတွေကို အစောဆုံး ထုတ်ဖို့အပြင် လာမယ့် ၂၀၂၀ မှာ ထိပ်တန်း ကုမ္ပဏီ ၅ ခုစာရင်းဝင်ဖို့နဲ့၂၀၂၂ ခုနှစ်မှာ ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ ၃ ခုနေရာမှာ ပါဝင်ဖို့ပါ ရည်မှန်းထားတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က