display ကို ခေါက်ချိုး ခေါက်သိမ်းနိုင်တဲ့ Foldable phones တွေခေတ်မှာ Lenovo ဟာ Foldable PC နမူနာပုံစံတစ်ခုကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Lenovo ThinkPad X1 ဟာ foldable PC နမူနာ prototype ဖြစ်ပြီး screen အရွယ်အစား ၁၃ လက်မ ၄ အချိုး ၃ OLED 2K display နဲ့လာတာပါ။ တက်ဘလက်အကြီးစား အရွယ်ဖြစ်ပြီး ခေါက်သိမ်းလိုက်ချိန်မှာ ၉.၆ လက်မ screen ထွက်လာပြီး အောက်ခြေမှာ အရွယ်အစားတူတဲ့ on-screen ကီးဘုတ်တစ်ခု ထွက်လာမှာပါ။
ဒီ foldable pc ကို The Verge မှာ Hans on လုပ်ပြသွားခဲ့ပြီး Functional prototype အဖြစ် မြင်ရတာပါ။ display ကို ခေါက်ထားချိန်မှာ on-screen ကီးဘုတ်သုံးပြီး စာရိုက်တာ ၊ browsing လုပ်တာတွေ လုပ်နိုင်သလို ဖြန့်ထားချိန်မှာလည်း တက်ဘလက်တစ်လုံးလို သုံးနိုင်ပါတယ်။ Lenovo ဟာ Bluetooth ချိတ်ပြီး ThinkPad X1 နဲ့တွဲသုံးနိုင်မယ့် physical ကီးဘုတ်တစ်ခုလည်း ထုတ်ပေးထားပါတယ်။
နမူနာမော်ဒယ်မှာ video call ခေါ်ဖို့အတွက် ကင်မရာမပါရှိသေးသလို port အထားအသိုပုံစံများလည်း ပြောင်းသွားဖို့ရှိပါတယ်။ Lenovo ဟာ ThinkPad X1 ရဲ့ နောက်ဆုံး ဗားရှင်းမှာ SIM Card Slot တစ်ခုနဲ့IR Camera တစ်ခု ထည့်သွင်းသွားဖို့လည်း စီစဉ်ထားတယ်လို့ဆိုပါတယ်။ အရွယ်အစားအားဖြင့် သေးပေမယ့် Lenovo ဟာ ThinkPad X1 ကို တကယ့် laptop တန်းဝင်ထုတ်ကုန်အဖြစ် ထုတ်လုပ်ဖို့ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Photo: CNet
စာအုပ်တစ်အုပ်ပုံစံနဲ့လာတဲ့ ဒီ Foldable PC မှာ Stylus pen တစ်ခု ပါ ထည့်ပေးထားပေပမယ့် hardware specs တွေအကြောင်း မသိရသေးပါဘူး။ ဒီဇိုင်းပိုင်းမှာတော့ ThinkPad X1ဟာ အတော်လေးကို သားနားသပ်ရပ်တဲ့ ဒီဇိုင်းနဲ့လာတာ ဖြစ်ပြီး OLED panel ပေါ်မှာလည်း အကြမ်းခံမှုမြင့်တဲ့ ပိုလီမာအလွှာတစ်ခု အုပ်ပေးထားပါတယ်။
ဒီ Foldable PC နည်းပညာအတွက် Lenovo ဟာ သုံးနှစ်ကျော် တီထွင်ထားတာဖြစ်ပြီး ၂၀၂၀ မှာ အချောသပ်ထုတ်ကုန်တစ်ခု ကြေညာသွားဖို့ရှိပါတယ်။ တန်ဖိုးကြီး ပရီမီယံတန်းဝင် Foldable PC အဖြစ် မိတ်ဆက်သွားဖို့ရှိတဲ့ ဒီထုတ်ကုန်ရဲ့ ဈေးနှုန်း နဲ့ထွက်ရှိမယ့် ရက် မသိရသေးပါဘူး။