လက်ရှိခေတ်စားနေတဲ့ Full View Display နဲ့ဖြစ်တဲ့အပြင် ကမ္ဘာ့ပထမဆုံး ကင်မရာ ၄ လုံးနဲ့ စမတ်ဖုန်း ဖြစ်တာကြောင့် စမတ်ဖုန်းသုံးစွဲသူတွေကြားမှာရေပန်းစားနေပါတယ်
Sponsored bylogo
 

၂၀၁၇ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေကြားရေပန်းစားနေတဲ့ ဖုန်းတစ်ခုကတော့ Huawei ရဲ့ nova 2i ပါပဲ။ nova 2i ဟာဆိုရင် ဈေးနှုန်းအရ အလယ်အလတ်တန်းဖုန်း တစ်လုံးဖြစ်ပေမယ့် လက်ရှိခေတ်စားနေတဲ့ Full View Display နဲ့ဖြစ်တဲ့အပြင် ကမ္ဘာ့ပထမဆုံး ကင်မရာ ၄ လုံးနဲ့ စမတ်ဖုန်း ဖြစ်တာကြောင့် အဲဒီလို စမတ်ဖုန်းသုံးစွဲသူတွေကြားမှာရေပန်းစားနေတာပဲ ဖြစ်ပါတယ်။



nova 2i မှာ အနောက်ဘက် ကင်မရာ ၂ လုံးနဲ့ Selfie ရိုက်ကူးဖို့အတွက် အရှေ့ဘက်မှာ ကင်မရာ ၂ လုံးဆိုပြီး စုစုပေါင်း ကင်မရာ ၄ လုံးပါဝင်တာပါ။ အနောက်ဘက်ကင်မရာ ၂ လုံးက 16MP နဲ့ 2 MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာတွေကတော့ 13 MP နဲ့ 2 MP ရှိပါတယ်။ ပုံရိပ်ကို 3D ပုံရိပ်  တွေ့မြင်နေရသလို ခံစားရအောင် ဖန်တီးနိုင်ဖို့အတွက် ဒီလို အသုံးပြုထားခြင်းဖြစ်ပါတယ်။ ကင်မရာရဲ့ မှန်ကိုလဲ ခြစ်ရာပွန်းရာ ခံနိုင်အောင်ကာကွယ်ပေးထားတဲ့အတွက်ပုံရိပ်ဝါးခြင်းများကိုလဲ ရှောင်ရှားနိုင်မှာသေချာပါတယ်။

 

HUAWEI  nova 2i ရဲ့ကင်မရာတွေကို ပြင်ပ Application တွေရဲ့အကူအညီယူစရာမလိုဘဲ ကိုယ့်စိတ်ကူးထဲကအတိုင်း ပုံရိပ်တွေကိုဖမ်းယူနိုင်အောင် ဖန်တီးပေးထားတာကိုတွေ့ရပါတယ်။ အလင်းအမှောင် နဲ့ ကာလာကို စိတ်ကြိုက်ချိန်ညှိ ရိုက်ကူးနိုင်စွမ်း၊ DSLR ကင်မရာတွေနဲ့ရိုက်ကူးထားသလား ထင်မှတ်ရလောက်တဲ့ Portrait Mode ဓါတ်ပုံတွေကို အနောက်ဘက်ကင်မရာနဲ့သာမက အရှေ့ဘက်ကင်မရာနဲ့ပါ ရိုက်ကူးနိုင်စွမ်း၊ ညအချိန်နဲ့ အလင်းရောင်အားနည်းတဲ့နေရာ တွေမှာပါ ပုံရိပ်တွေဖမ်းယူနိုင်စွမ်း ဆိုတဲ့ စွမ်းဆောင်ရည်တွေက အခြေအနေမရွေး၊ အချိန်အခါမရွေး အနုပညာမြောက်ပုံရိပ် တွေကိုဖမ်းယူနိုင်မှာပါ။

  အခိုက်အတန့်တစ်ခုကို အချိန်တိုအတွင်း အလျင်အမြန်ရိုက်ယူပြီး နောက်မှ စိတ်ကြိုက်Focus ပြန်ချိန်နိုင်တဲ့ လုပ်ဆောင်ချက်၊ Light & Shadow Effect အပါအဝင် HUAWEI nova 2i ရဲ့ Editing Tools တွေက သဘာဝကျကျနဲ့ အနုပညာမြောက်တဲ့ ဓါတ်ပုံတွေဖန်တီးနိုင်ဖို့ အကူအညီပေးနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

သမားရိုးကျ ရုပ်သေဓါတ်ပုံတွေအပြင် အခုနောက်ပိုင်းခေတ်စားလာတဲ့ လှုပ်ရှားနေတဲ့ ဓါတ်ပုံတွေကိုလည်း         HUAWEI nova 2i နဲ့ရိုက်ကူးနိုင်စွမ်းရှိတာကြောင့် ဆန်းသစ်တဲ့စိတ်ကူးတွေနဲ့ မှော်ဆန်တဲ့ပုံရိပ်တွေကို ဖန်တီးလိုသူတွေလည်း အကြိုက်တွေ့မှာ သေချာပါတယ်။

 

ကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေအချိန်နဲ့တပြေးညီရယူနိုင်ဖို့အတွက် HUAWEI nova 2i ဟာ 4G ကွန်ယက်အထိ ချိတ်ဆက်နိုင်ကာ Wifi ၊ Bluetooth၊ စွမ်းဆောင်ရည်တွေကလည်း ကောင်းမွန်ပါတယ်။

ဖျော်ဖြေရေးအတွက် ရုပ်ရှင်တွေကြည့်ဖို့၊ ဂိမ်းဆော့ဖို့၊ Social Media တွေသုံးဖို့အတွက်ပဲဖြစ်ဖြစ်၊ ဗဟုသုတတွေရှာမှီးဖို့ပဲ ဖြစ်ဖြစ် HUAWEI nova 2i ရဲ့ Full View Display နဲ့ Full HD+ ရုပ်ထွက်က အကောင်းဆုံးကူညီပေးနိုင်မှာပါ။ Full View ဖြစ်တာကြောင့် ဖုန်းအရွယ်အစားကအရမ်းကြီးမနေဘဲ ကျယ်ပြန့်တဲ့ မျက်နှာပြင်ကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ သီချင်းတွေနားထောင်ဖို့အတွက်ဆိုရင် ဆူညံသံတွေကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ 3.5 mm Jack နားကြပ်ပေါက်ပါဝင်သလို စပီကာအသံထွက်ကလည်း ကြည်လင်ပြတ်သားမှု ရှိပါတယ်။

HUAWEI nova 2i မှာ 2.36GHz Octa-Core Hisilicon Kirin 659 ပရိုဆက်ဆာတပ်ဆင်ထားပြီး RAM ကလည်း 4GB ရှိတာကြောင့် ဘယ်လောက်အရည်အသွေးမြင့်ပြီး ဖိုင်ဆိုဒ်ကြီးတဲ့ ရုပ်ရှင်တွေ၊ ဂိမ်းတွေကိုပဲဖြစ်ဖြစ် အထစ်အငေါ့မရှိ ကြည့်ရှုနိုင်၊ ဆော့ကစားနိုင်မှာပါ။ Memory ကလည်း 64 GB တောင်ပါဝင်ပြီး လိုအပ်ရင် Memory ကတ်လည်းထပ်စိုက်လို့ရသေးတာကြောင့် ကိုယ့်အကြိုက်သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ဓါတ်ပုံတွေကို စိတ်အေးလက်အေးသိမ်းဆည်းထားနိုင်မှာပဲ ဖြစ်ပါတယ်။

nova 2i ရဲ့ ဈေးနှုန်းက ၃၃၉၀၀၀ ကျပ်ဖြစ်ကာ အနက်ရောင်၊ရွှေရောင် နဲ့ အပြာရောင်ဆိုပြီးအရောင် ၃ ရောင်နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က