ဈေးမသိရသေးပါဘူး

တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ ZTE ကတော့ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ flagship ဖုန်းတစ်လုံးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


၂၀၂၀ မှာ ထွက်မယ့် high-end အန်းဒရိုက်ဖုန်းတွေမှာ Qualcomm ရဲ့ နောက်ဆုံးပေါ် powerful အဖြစ်ဆုံး processor ဖြစ်တဲ့ Snapdragon 865 SoC သုံးလာတော့မှာပါ။ ZTE ကတော့ ၂၀၁၉ မကုန်ခင်မှာကို ဒီ processor ကို ပထမဆုံး ဦးဦးဖျားဖျား သုံးသွားပါတယ်။ Snapdragon 865 processor ကို ကမ္ဘာပေါ်မှာ ပထမဆုံး သုံးလာတဲ့ ဖုန်းအဖြစ် မှတ်တမ်းဝင်သွားတာကတော့ Axon 10s Pro 5G ပါ။


Photo: gizmochina

ZTE ရဲ့flagship ဖုန်းသစ်ဖြစ်တဲ့ Axon 10s Pro 5G ဟာ 5G ကွန်ရက်နှစ်မျိုးဖြစ်တဲ့ dual mode (SA/NSA) ပံ့ပိုးပေးထားတဲ့ ဖုန်း ဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုစနစ်ပိုင်းမှာ နောက်ဆုံးပေါ် နည်းပညာဖြစ်တဲ့ WiFi 6 standard စံနဲ့ လာတဲ့ ဖုန်းလည်း ဖြစ်နေပါတယ်။ ကွန်ရက်ချိတ်ဆက်မှု ပိုမိုမြန်ဆန်စေဖို့ တစ်ချိန်တည်းမှာ ကွန်ရက်အမျိုးမျိုးနဲ့ တပြိုင်တည်း ချိတ်ဆက်နိုင်တဲ့ Link-Booster Intelligent Network Acceleration စနစ်လည်း ပံ့ပိုးပေးထားပါတယ်။

hardware ပိုင်းအနေနဲ့ မြန်နှုန်းမြင့် LPDDR5 RAM ၊ နောက်ဆုံးပေါ် UFS 3.0 Fast storage နဲ့ 4000 mAh ဘက်ထရီ ပါဝင်ပါတယ်။ZTE Axon 10s Pro 5G ဟာ water drop notch ပါဝင်တဲ့ curved display သုံးသွားမှာ ဖြစ်ပြီး in-display လက်ဗွေနည်းပညာ ပါဝင်ဖို့ ရှိပါတယ်။ screen size နဲ့ သုံးထားတဲ့ ကင်မရာမသိရသေးပေမယ့် ကျောဘက်မှာ LED flash တစ်ခုနဲ့အတူ ကင်မရာ ၃ လုံး သုံးသွားမှာပါ။

ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ MiFavor 10 နဲ့ လာပြီး အဆင့်မြှင့်ထားတဲ့ UI design ဟာ AI လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ဘက်ထရီစွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ဆောင်ထားတယ်လို့ ကြေညာထားတဲ့ ဒီဖုန်းရဲ့ ဈေးနှုန်းနဲ့ ထွက်မယ့်ရက် မသိရသေးပါဘူး။

Share

Loading Next Article...
က္က