အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ကျော် တောင်းဆိုခဲ့တာပါ။

မေလ ၃ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျခံနေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပါအဝင် နိုင်ငံရေး အကျဉ်းသား (၄၅) ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း တွေကတောင်းဆိုလိုက်ပါတယ်။

အကျဉ်းကျခံနေရသည့် ရိုက်တာသတင်းထောက် ကိုဝလုံး



လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားအမှု (အသံ) အဖွဲ့အပါအဝင် မြန်မာနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ကျော်က တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

သတင်းမီဒီယာသမားတွေကို အလွယ်တကူစွဲချက်တင် ဖမ်းဆီး အပြစ်ပေးနိုင်တဲ့ ဥပဒေတွေ ဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ မတရားအသင်းဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ၊ ရာဇသတ်ကြီးရှိအသေရက်မှု ဆိုင်ရာ ဥပဒေပုဒ်မ (ပုဒ်မ ၅၀၀၊ ၅၀၅ (က) နဲ့ (ခ)၊ သတင်းမီဒီယာဥပဒေ၊ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနဲ့ လွတ်လပ်မှုကို ကာကွယ်ပေးတဲ့ ဥပဒေတွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အဘီ ပြင်ဆင်ပယ်ဖျက်ခြင်းတွေကို အမြန်ဆုံးပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒီမိုကရေစီရည်မှန်းချက်ထားတဲ့ ကာလ မြန်မာနိုင်ငံမှာသတင်းမီဒီယာ လွတ်လပ်ခွင့်မှာ ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာ ရောက်ရှိနေပြိး လက်ရှိ မှာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ကမ္ဘာ့အဆင့် (၃၈) နေရာမှာ တည်ရှိနေပြီး ၂၀၁၈ ခုနှစ်ထက်တစ်ဆင့်လျော့ကျ သတ်မှတ်ခံနေရတယ်လို့သိရပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်မှာ အရင်သတ်မှတ်ချက် အဆင့် ၂၀ ထိ တိုးတက်ခဲ့ပြီး ၂၀၁၈ မှာ အဆင့် (၇) ဆင့်အထိ ပြန်လည် ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုမှု (၃၁) မှုထိရှိနေပြီး (၄၇) ဦးမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ရိုက်တာ သတင်းထောက် (၂) ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့တဲ့အပေါ် မြန်မာပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ အကြား အံအားသင့် ထိတ်လန့်စေရုံသသာမကဘဲ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကန့်ကွက် ရှုတ်ချခဲ့ကြတယ်လို့ အဆိုပါ အရပ်ဘက်အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ကြေညာပြီး ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အခြေခံလူ့အခွင့်အရေး စာတမ်းပါ အပိုင် (၁၉) အရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာတဲ့အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ စာနယ်ဇင်းတာဝန်တွေ ထမ်းဆောင်ရင်း အကျဉ်းကျခံနေရတဲ့ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က