Quad lens စနစ်နဲ့လာတာပါ

Moto စီးရီးတွေထဲမှာ Motorola One Zoom ကို အကောင်းဆုံးဖုန်းလို့တောင် ပြောနိုင်ပါတယ်။

Motorola One Zoom စမတ်ဖုန်းဟာ Motorola One series မှာ ဒုတိယမြောက် ဖုန်းဖြစ်ပြီး IFA 2019 မှာ ကြေညာခဲ့တာပါ။ ကျောဘက်မှာ ကင်မရာ ၄ လုံး သုံးထားပြီး ဖုန်းရဲ့ နာမည်အတိုင်း zooming ပိုင်းဟာ အတော်လေး အဆင့်မြင့်လာပါတယ်။

Photo: pcmag

ကျောဘက် ကင်မရာ setup ဟာ ထောင်လိုက် ထောင့်မှန်စတုဂံကွက်သဏ္ဍာန်နဲ့လာပြီး glowing LED အလင်းထွက်နိုင်တဲ့ Moto Logo ပါရှိပါတယ်။ primary lens ကတော့ 48MP ကင်မရာ ဖြစ်ပြီး OIS ရုပ်ငြိမ်စနစ် ပါသလို 3x optical zoom ဆွဲနိုင်တဲ့ 8MP tele lens မှာလည်း OIS စနစ် ပါလာတာ ထူးခြားပါတယ်။

ကျန်တဲ့ ကင်မရာ sensor နှစ်ခုကတော့ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 16MP ultra-wide ကင်မရာ နဲ့portrait mode ရိုက်ချက်တွေ ရိုက်ကူးနိုင်မယ့် 5MP depth sensor တစ်ခု ပါလာပါတယ်။ ရှေ့ဆယ်လ်ဖီကင်မရာဟာ 25MP ကင်မရာ နဲ့လာပြီး low-light ကင်မရာ ရိုက်ချက်တွေအတွက် Quad Pixel နည်းပညာ သုံးထားတာ ဖြစ်ပါတယ်။

Motorola One Zoom ဟာ 6000-series အလူမီနီယံကိုယ်ထည်နဲ့တည်ဆောက်ထားပြီး မျက်နှာပြင် ၆.၄ လက်မ OLED display ပါရှိပါတယ်။ 2340 x 1080p ရုပ်ထွက် ပါရှိတဲ့ ဒီ display ရဲ့ အောက်မှာ fingerprint scanner ပါရှိပြီး ဘက်ထရီပါဝါ 4000 mAh သုံးထားပါတယ်။

Photo: The Verge


mid-range တစ်လုံးအနေနဲ့ဒီဖုန်းဟာ Moto Z4 မှာလိုပဲ Snapdragon 675 processor ၊ RAM 4GB နဲ့128GB storage ပါလာပါတယ်။ Motorola One Zoom မှာ ထူးခြားတာက Android One သုံးတာ မဟုတ်ဘဲ Android 9 Pie ပေါ် အခြေခံထားတဲ့ customize ဗားးရှင်းနဲ့လာတာပါ။

အမေရိကန်ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Motorola One Zoom ဟာ အမေရိကန်ဈေးကွက်မှာ ပထမဆုံး ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ ဒေါ်လာ ၄၅၀ ( မြန်မာငွေ ၇ သိန်း ၇ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။

Share

Loading Next Article...
က္က