ကမာရွတ်မြို့နယ်မှာ အငှားယာဉ်မောင်းကို ထိုးကြိတ်ခဲ့တဲ့သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စင်တင်ဘာ ၃၀ ရက်နေ့ ကထုတ်ပြန်ပါတယ်။
တရားခံများ 
စက်တင်ဘာ ၂၉ ရက်ေ့ညပိုင်းမှာ လှည်းတန်းဦးထွန်းလွင်ခြံလမ်းမှာ ကားရပ်ထားတာကို နောင်နောင်လို့ခေါ်တဲ့ လူမိုက်က အဲ့ဒီကားရပ်ထထားတဲ့နေရာက ထွက်မလား၊မထွက်ဘူးလား မေးပြီး ဖယ်ခိုင်းရင် ဖယ်ပေးရမယ် ဆိုပြီး စတင်ထိုးကြိတ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ရဲခေါ်မယ်ဆိုပြီးဖုန်းဆက်တ့အချိန်မှာပဲ တစ်ယောက်က ချုပ်ပြီး ငါးယောက်ကဝိုင်းထိုးတာကြောင့် ဆေးရုံမှာ ဆယ်ချက်ချုပ်လိုက်ရတယ်ဆိုပီး လူမှုကွန်ယက်မှာရေးသားထားပါတယ်။
ဒဏ်ရာရရှိသူ ကိုခန့်မင်းသန့် အသက် ၂၁ နှစ်က ကမာရွတ်မြို့နယ်ရဲစခန်းကို ဖြစ်စဉ်ပြီးပြီးချင်းမှာတိုင်ကြားခဲ့တာကြောင့် ကမာရွတ်ရဲစခန်းက (ပ) ၆၆၆/ ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၂၅ /၅၀၆ / ၁၁၄ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ကျူးလွန်သူတွေဖြစ်တဲ့ ကိုကိုမောင်၊ စိုးမိုးအောင် တို့ကို ဖမ်းဆီးရမိခဲ့ပြီးတော့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။