၈ လကျော် ၉ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၂၉ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၁၃ ရက်) ညပိုင်းမှာ ၂၉ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometers webpage screegrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လကျော် ၉ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၂၉ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၉၂၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀.၈ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်မှာ ကူးစက်ခံရသူ ၂၈ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ၉၀၀,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၂၅,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၂၉ သန်းကျော်အနက် ၈.၁ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၆.၇ သန်းနီးပါး ကူးစက်ခံထားရပြီး သေဆုံးသူ ၁၉၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ လျင်မြန်စွာ ဆက်တိုက် မြင့်တက်နေခဲ့ပြီး COVID-19 ကူးစက်ခံရသူ ၄.၇ သန်း ကျော်နဲ့ သေဆုံးသူဦး ၇၈,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၄.၃ သန်းကျော်နဲ့ သေဆုံးသူ ၁၃၁,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: Reuters)

ကမ္ဘာ့နိုင်ငံများအနက် ကူစက်မှု စတုတ္တအများဆုံးဖြစ်တဲ့ ရုရှားမှာ ကူးစက်ခံရသူ ၁ သန်းကျော်လွန်နေပြီလို့ သိရပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အိန္ဒိယနိုင်ငံဟာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာ ဖြစ်လာနေပြီး လတ်တလော သီတင်းပတ်အတွင်း နေ့စဥ် ကူးစက်မှုအရေအတွက် ၉၀,၀၀၀ အထက် ဆက်တိုက် တွေ့နေခဲ့ရပါတယ်။ ဥရောပမှာ ကူးစက်မှုတွေ ပြန်လည်မြင့်တက်မှု ရှိနေခဲ့ပြီး ပြင်သစ်နိုင်ငံမှာ ကူးစက်မှုတွေ ဆိုးရွားနေပါတယ်။

COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ်လကုန်ပိုင်းမှာ ပြောခဲ့ပါတယ်။
(Photo: Reuters)

COVID-19 ကူးစက်မှုတွေဟာ အရှေ့တောင်အာရှမှာ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှ အင်ဒိုနီးရှားနိုင်ငံမှာ ယနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ COVID-19 ကူးစက်မှုအသစ် ၃,၀၀၀ အထက် ခြောက်ရက်ဆက်တိုက် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အရှေ့တောင်အာရှရဲ့ လူဦးရေအထူထပ်ဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဂျကာတာမြို့တော်မှာ လူအချင်းချင်း ခပ်ခွာခွာဖြစ်စေရန် စည်းမျဥ်းကန့်သတ်ချက်တွေ ပြန်လည်သတ်မှတ်ရန် ပြင်ဆင်နေစဥ်မှာပင် ကူးစက်မှုတွေ နေ့စဥ်ရက်ဆက် တစ်ဟုန်းထိုး မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ လူဦးရေအထူထပ်ဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဂျကာတာမြို့တော်မှာ လူအချင်းချင်း ခပ်ခွာခွာဖြစ်စေရန် စည်းမျဥ်းကန့်သတ်ချက်တွေ ပြန်လည်သတ်မှတ်ရန် ပြင်ဆင်နေစဥ်မှာပင် ကူးစက်မှုတွေ နေ့စဥ်ရက်ဆက် တစ်ဟုန်ထိုး မြင့်တက်နေခဲ့ပါတယ်။

ယခုအခါ အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ ၂၁၈,၃၈၂ ဦးနဲ့ သေဆုံးသူ ၈,၇၂၃ ဦး ရှိလာခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ပြီးလျှင် ကပ်ရောဂါကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ကြောင်း သိရပါတယ်။ 

အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က COVID-19 ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၆၁,၂၁၆ ကျော်နဲ့ သေဆုံးသူ ၄,၃၇၁ ဦးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်ပိုင်းမှစပြီး ကူးစက်မှုတွေ မြင့်တက်လာခဲ့ရာ အများစုဟာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေပါတယ်။


(Image: MoHS webpage screengrab)

လတ်တ‌လော ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နေ့စဥ် ကူးစက်မှုအရေအတွက် ရာဂဏန်း တိုးလာနေခဲ့ပြီး သေဆုံးသူဦးရေဟာလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ၁၃ ရက် ည ၈ နာအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂,၉၃၂ ဦးနဲ့ သေဆုံးသူ ၂၀ ဦးရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၃ ရက် ညပိုင်းအထိ လူဦးရေ ၁၉၁,၆၉၆ ဦးကို COVID-19 စစ်ဆေးခဲ့ပြီး စောင့်ကြည့်လူနာ စုစုပေါင်း ၉,၁၆၅ ဦးရှိကြောင်းနဲ့ ၆၉၉ ဦး ပြန်လည်သက်သာသွားခဲ့ကြောင်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က