အာဆင်နယ်အသင်းဟာ စာချုပ်အရ Adidas ဆီကနေ တစ်နှစ်ပေါင်သန်း ၆၀ ရရှိမှာပါ။

ပရီးမီးယားလိဂ်မှာ အမှတ်ပေးချန်ပီယံဆုဖလားနဲ့ဝေးကွာနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမယ့် အာဆင်နယ်အသင်းဟာ ကမ္ဘာ့တတိကြေးအကြီးဆုံးဝတ်စုံစပွန်ဆာစာချုပ်တစ်ရပ်ချုပ်ဆိုဖို့ အသင့်ရှိနေပါပြီ။ အာဆင်နယ်အသင်းရဲ့လက်ရှိဝတ်စုံစပွန်ဆာ ပူးမားနဲ့ ဒီရာသီစာချုပ်ကုန်ဆုံးမှာဖြစ်ပြီး Adidas နဲ့ စာချုပ်ဖို့ သဘောတူထားပါပြီ။



DVjUPk_WAAA50ii.jpg

Photo: The Sun

 

အာဆင်နယ်အသင်းရဲ့လက်ရှိဝတ်စုံစပွန်ဆာ ပူးမားနဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ ဒီအတွက် အာဆင်နယ်အသင်းဟာ အသင်းဝတ်စုံစပွန်ဆာသစ်အနေနဲ့ ကမ္ဘာကျော် အားကစားပစ္စည်းကုမ္ပဏီတစ်ခုနဲ့လက်တွဲဖို့ရှိနေပါတယ်။ ဒီကုမ္ပဏီကတော့ ကမ္ဘာကျော် ဂျာမနီကုမ္ပဏီ Adidas ပါ။

စပါးအသင်းကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် ပရိသတ်တွေအံ့အားသင့်ခဲ့ရတဲ့ မော်ရင်ဟိုရဲ့လုပ်ရပ် 

Photo: The Sun

 

Adidas နဲ့ အာဆင်နယ်ဟာ အခုမှာလက်တွဲမယ့် လက်တွဲဖော်အသစ်တော့မဟုတ်ပါဘူး။ အာဆင်နယ်ဟာ Adidas နဲ့ ၁၉၈၆ခုနှစ်ကနေ ၁၉၉၄ခုနှစ်အထိ ကာလရှည်လက်တွဲခဲ့ဖူးပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရတော့ အာဆယ်နယ်နဲ့ Adidas တို့ဟာ ၂၀၁၃အထိ ငါးနှစ်စာချုပ်မှာဖြစ်ပြီး ပေါင်သန်း၃၀၀အထိတန်ကြေးရှိတယ်လို့သိရပါတယ်။ အာဆင်နယ်အသင်းဟာ စာချုပ်အရ Adidas ဆီကနေ တစ်နှစ်ပေါင်သန်း ၆၀ ရရှိမှာပါ။

Photo: The Sun

 

အာဆင်နယ်အသင်းရဲ့ဝတ်စုံစပွန်ဆာသစ်တန်ကြေးဟ ဘာစီလိုနာနဲ့မန်ယူတို့ပြီးရင် တတိယကြေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ Nike ကုမ္ပဏီကနေ တစ်နှစ်ကို ပေါင် ၁၀၄သန်းအထိရရှိနေပြီး မန်ယူက Adidas ဆီကနေ ဝတ်စုံစပွန်ဆာကြေး တစ်နှစ်ပေါင် ၇၅သန်းအထိရနေပါတယ်။ အာဆင်နယ်အသင်းဟာ Adidas ရဲ့ဝတ်စုံဒီဇိုင်းအသစ်ကို ၂၀၁၉-၂၀၂၀ဘောလုံးရာသီကစတင်ပြီး ဝတ်ဆင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က