120Hz Display နဲ့ 120W Charging သုံးထားပါတယ်။

တရုတ်ဈေးကွက်မှာ ကြေညာခဲ့တဲ့ iQOO 9 စီးရီးကို အပြောင်းအလဲလုပ်ပြီး ကမ္ဘာ့ဈေးကွက်မှာ ကြေညာလိုက်ပါတယ်။ 

အိန္ဒိယဈေးကွက်ကနေ စတင် ဖြန့်ချသွားမယ့် iQOO 9 စီးရီးမှာ iQOO 9 ၊ iQOO 9 Pro နဲ့ iQOO 9 SE ဆိုပြီး မော်ဒယ် ၃ မျိုး ပါရှိပါတယ်။ iQOO 9 စီးရီးထဲက iQOO 9 နဲ့ iQOO 9 Pro တို့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကတည်းက တရုတ်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Global ဝင်လာတဲ့ ဖုန်းတွေထဲမှာ SE ဗားရှင်းတစ်ခု ထပ်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ 



iQOO 9 Pro ကတော့ တရုတ်မှာ မိတ်ဆက်သွားတဲ့ Pro မော်ဒယ်နဲ့ တစ်ပုံစံတည်းဖြစ်ပြီး အပြောင်းအလဲ မရှိပေမယ့် iQOO 9 ရိုးရိုးမှာ Chipset ၊ Screen ၊ ကင်မရာနဲ့ ဘက်ထရီပိုင်းမှာ လုံးဝမတူတာတွေ သုံးလာလို့ အသစ်လို့ ပြောနိုင်ပါတယ်။ တရုတ်ဗားရှင်း iQOO 9 မှာ ၆.၇၈ လက်မ အကြီးစားဆိုဒ်ကို သုံးခဲ့ပြီး အခု ဗားရှင်းမှာ ၆.၅၆ လက်မဆိုဒ်ကို လျှော့ထားပါတယ်။ AMOLED Display ဟာ Screen ရုပ်ထွက်နဲ့ HDR10+ ထောက်ခံချက်တော့ ဆက်ပြီး ပါဦးမှာ ဖြစ်ပါတယ်။ 

Photo: Gizchina


Dual Monster Touch Controls နဲ့ လာတဲ့ ဖုန်းဖြစ်လို့ Dsiplay ကို ဇုန်နှစ်ခုခွဲပြီး လက်မဖိအားကို ခံစားနိုင်တဲ့ ဖိအားသိနည်းပညာ Pressure-Sensitive Mechanism လည်း ပါဝင်ပါတယ်။ Global မော်ဒယ်မှာလည်း 120Hz Refresh Rate နဲ့ 300Hz Touch Sampling Rate တို့ သုံးထားပါတယ်။ ဂိမ်းကစားမှုပိုင်းမှာ ချောမွေ့ညက်ညောတဲ့ စွမ်းဆောင်ရည်ရရှိဖို့ iQOO ရဲ့ Intelligent Display Chip သုံးထားပြီး Chipset ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မထိခိုက်အောင် Frame Rate လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ PUBG လို ဂိမ်းမျိုးမှာ ဂရပ်ဖစ်က 60fps နဲ့ပဲ render လုပ်နိုင်ပေမယ့် ဒီ ချပ်စ်က 90fps နှုန်းနဲ့ ထွက်အောင် ပံ့ပိုးတာ ဖြစ်ပါတယ်။

ကင်မရာဒီဇိုင်းပိုင်းမှာ iQOO 9 ဟာ အရင်လို ကျောဘက်အလျားလိုက်အပြည့် ကင်မရာအိမ်အစား ထောင်လိုက် စတုဂံကင်မရာအိမ်ကို သုံးလာပါတယ်။ ကင်မရာအနေနဲ့ Gimbal ရုပ်ငြိမ်စနစ်ပါ 48MP Main Sensor ၊ 13MP Ultrawide နဲ့ 13MP 2x optical Zoom ပါ Portrait ကင်မရာတွေ သုံးထားပါတယ်။ ရှေ့ Punch-Hole ထဲမှာ 16MP Selfie ကင်မရာ နဲ့ လာပါတယ်။ ဘက်ထရီပါဝါလည်း 4700mAh ကနေ 4350mAh ဆိုဒ်ကို လျှော့ထားပြီး Wireless charging တော့ ပါမလာဘူးလို့ ဆိုပါတယ်။ ဘက်ထရီအားသွင်းနည်းပညာပိုင်းမှာ ၁၈ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် 120W Fast Charging ကို ဆက်သုံးလာတာ တွေ့ရပါတယ်။ 

Processor အနေနဲ့ တရုတ်ဗားရှင်းမှာ Snapdragon 8 Gen 1 သုံးရာကနေ Global မော်ဒယ်မှာ ၂၀၂၁ ထွက် Flagship Processor ဖြစ်တဲ့ Snapdragon 888+ SoC နဲ့ ထွက်လာပါတယ်။ RAM 8/128 GB နဲ့ 12/256GB ဗားရှင်းနှစ်မျိုးနဲ့လာပြီး Extended RAM 2.0 feature ပါလို့ Virtual RAM ထပ်တိုးနိုင်မှာပါ။ Gaming စွမ်းဆောင်ရည်အသားပေး iQOO စီးရီး ဖြစ်တဲ့အတိုင်း ဖုန်းမျက်နှာပြင်အပူချိန်ကို ၄ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချနိုင်မယ့် Full Coverage Vapor Chamber Liquid Cooling System နဲ့ Chipset အပူချိန်ကို လျှော့ပေးသွားမှာပါ။ အကြီးစားဂိမ်းတွေ ကစားချိန်မှာဆို ၁၂ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။

Photo: GSMArena


ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ Funtouch OS နဲ့လာပါတယ်။ ဇန်နဝါရီလဆန်းပိုင်းတုန်းက တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ iQOO 9 စီးရီးတုန်းက OriginOS Ocean နဲ့ လာတာ ဖြစ်ပါတယ်။ OS Update နှစ်နှစ်နဲ့ Security Patch သုံးနှစ် ပံ့ပိုးထားပြီး Alpha ၊ Phoenix နဲ့ Legends ကာလာ သုံးရောင်နဲ့ လာပါတယ်။ 

အနိမ့်ဆုံးမော်ဒယ်ကို ရူပီး ၄၃၀၀၀ (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 12/256GB ဗားရှင်းကတော့ ရူပီး ၄၇၀၀၀ (မြန်မာငွေ ၁၁ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က