၂၀၂၅ မှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၉ ဘီလျံအထိ ရှိလာနိုင်ပါတယ်

ခေါက်သိမ်းနိုင် Foldable စမတ်ဖုန်းတွေဟာ နှစ်အလိုက် ပိုပြီး တွင်ကျယ်လာနေပါတယ်။ 

ဈေးကွက်အနေနဲ့ Foldable ဖုန်းတွေ ထုတ်လာတဲ့သက်တမ်း သိပ်မကြာသေးပေမယ့် Foldable ဖုန်းတွေဟာ ပရီမီယံဖုန်းဈေးကွက်နဲ့အပြိုင် အားကောင်းတဲ့ဈေးကွက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ IDC ရဲ့ ဈေးကွက်အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ Foldable ထုတ်ကုန်ပေါင်း ၇.၁ သန်း တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 




Photo: Tech Spot

နိုင်ငံတကာအချက်အလက်ကော်ပိုရေးရှင်း IDC ရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်က Foldable စမတ်ဖုန်း တင်ပို့မှုဟာ ၁.၉ သန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ၂၀၂၀ ခုနှစ်က နဲ့ ယှဉ်ရင် ၂၀၂၁ ခုနှစ် Foldable ဖုန်းတင်ပို့မှုဟာ ၃ ဆကျော် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဈေးကွက်အချက်အလက်တွေအရ Foldable ဖုန်း တင်ပို့မှုဟာ ၂၆၄.၃% တက်လာခဲ့ပြီး စုစုပေါင်း တင်ပို့မှု ၇.၁ သန်းအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။ 

ဒီအချက်အလက်တွေဟာ ၂၀၂၅ ခုနှစ်အထိ ထပ်ပြီး တက်သွားဖို့ ရှိပါတယ်။ IDC ရဲ့ ခန့်မှန်းချက်အရ ၂၀၂၂၅ မှာ နှစ်စဉ်ဖွံ့ဖြိုးမှုနှုန်း ၆၉.၉% (အလုံးရေ ၂၇.၆ သန်း) ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။ Foldable ဖုန်းဈေးကွက်မှာ Samsung ဟာ မတူတဲ့ ခေါက်သိမ်းနိုင်ဒီဇိုင်းနဲ့ မော်ဒယ်နှစ်မျိုး ထုတ်ပြီး ဈေးကွက်ကြီးစိုးထားတယ်လို့ ဆိုပါတယ်။ 

Foldable ဖုန်းတွေဟာ ၂၀၂၅ ခုနှစ်မှာ စမတ်ဖုန်းဈေးကွက်ရဲ့ ၁.၈% ပဲ ရှိနိုင်ပေမယ့် ဆက်ပြီး မြင့်တက်လာမယ့် ဈေးကွက်ဖြစ်လာမှာပါ။ ၂၀၂၅ အရောက်မှာ Foldable ဖုန်းတွေရဲ့ ‌‌ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၂၉ ဘီလျံအထိ ရှိလာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က