ရူဒီဂါရဲ့ဂိုးမတိုင်ခင်တည်းက တိုနီကရူးစ်က ပွဲကိုကောင်းကောင်းဖတ်ရှုခဲ့တာပါ။

မနေ့ညက ရှက်တာဒိုးနက်နဲ့ရီးရဲလ်မက်ဒရစ်တို့ပွဲမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်ရဲ့ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်းကို ပရိသတ်တွေက တခမ်းတနား ချီးကျူးပြောကြားလျက်ရှိပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ တဂိုးဂိုးမရှိနဲ့ ရှုံးပွဲတွေ့မလိုဖြစ်ခဲ့ပေမယ့် မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပိုမှာ ရူဒီဂါက တိုနီကရူးစ်ရဲ့ ဖန်တီးပေးမှုကတဆင့် အသင်းအတွက် အဖိုးတန်ချေပဂိုးကို အနာခံသွင်းယူပေးသွားခဲ့ပါတယ်။



ဒီဂိုးအတွက် ရူဒီဂါရဲ့အနစ်နာခံမှုကို ရီးရဲလ်မက်ဒရစ်ပရိသတ်တွေက ချီးကျူးနေကြသလို ဖန်တီးပေးခဲ့တဲ့ တိုနီကရူးစ်ရဲ့ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်း ကောင်းမွန်မှုကိုလည်း ချီးကျူးနေကြပါတယ်။ တိုနီကရူးစ်ဟာ ပွဲကစားချိန် (၉၁) မိနစ်တည်းက ပြိုင်ဘက်ဖိအားပေးနေတဲ့ကြားထဲမှာ ဘောလုံးကိုင်ထားရင်း ရူဒီဂါကို တိုက်စစ်မှာ ပူးပေါင်းပါဝင်ကစားဖို့ ညွှန်ကြားခဲ့ပါတယ်။


အဲ့ဒီတကြိမ် တိုနီကရူးစ်ရဲ့ ဖန်တီးပေးမှုက ဂိုးမဖြစ်ခဲ့ပေမယ့် နောက်တကြိမ် ဖန်တီးပေးမှုမှာတော့ ရူဒီဂါက အနာခံကာ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ သရေတမှတ်ရရှိခဲ့ပါတယ်။ ဒီသရေရလဒ်ကြောင့်ပဲ ရီးရဲလ်မက်ဒရစ်တို့ ရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့ သေချာသွားခဲ့ပြီး ရူဒီဂါကလည်း ပွဲအပြီးမှာ အချက် (၂၀) အထိ ချုပ်ခဲ့ရကြောင်း သိရှိရပါတယ်။

ပွဲအပြီးမှာတော့ ပရိသတ်တွေက “တိုနီကရူးစ်က ပွဲကို ကောင်းကောင်းဖတ်ရှုပြီး နားလည်နိုင်ပါတယ်။ ကွင်းလယ်လူဟောင်းတွေက ဘာကြောင့် အကောင်းဆုံးနည်းပြတွေဖြစ်လာလဲဆိုတာကို ခင်ဗျားတို့ ဒီမှာမြင်နိုင်ပါတယ်” “ကရူးစ်က တကယ့်ကို ပွဲရဲ့သခင်တယောက်လိုပါပဲ။ သူ ဒါမျိုးလုပ်တာကို အကြိမ်ကြိမ်မြင်တွေ့ခဲ့ပြီးပါပြီ”

“သူ တိုက်စစ်လိုက်ဖို့အတွက် ရူဒီဂါကို လှမ်းအသိပေးနေခဲ့တာကို မြင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တည်းက စိတ်ထဲမှာ တကယ့် ဆရာတဆူ ဖန်တီးမှုကို မြင်ရတော့မယ်လို့ထင်ခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာတင် ဒါက လက်တွေ့ဖြစ်ခဲ့ပါတယ်” လို့ အသီးသီးမှတ်ချက်ပြုရေးသားနေခဲ့ကြပါတယ်။ တိုနီကရူးစ်ဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဘဝရှေ့ဆက်ဖို့ မသေချာသေးကြောင်းလည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က