ဗင်နီးရှပ်စ် ဂျူနီယာကို ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားလို့ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

ကာလို အန်ဆလော့တီဟာ ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားလို့ ထင်မြင်နေတဲ့ ကစားသမားကို သတ်မှတ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို အန်းဖီးမှာ ၅-၂ နဲ့ ပထမအကျော့မှာ အနိုင်ရရှိခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညမှာ ၁-၀ နဲ့ ဘာနေဗျူးမှာ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၆-၂ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာရင် ဘန်ဇီးမားရဲ့ ၇၈ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးက ဘာနေဗျူးမှာ အနိုင်ရရှိဖို့အတွက် လုံလောက်တဲ့ နိုင်ပွဲဖြစ်ခဲ့ပြီး ပွဲအပြီးမှာ နည်းပြ အန်ဆလော့တီက ဗင်နီးရှပ်စ် ဂျူနီယာကို ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားလို့ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော့်အတွက်တော့ သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားပါ။ သူက တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့တဲ့ အချိန်တိုင်း အန္တရာယ်တွေ ဖန်တီးပေးနိုင်တယ်။ ဒီနေ့ သူ ဂိုးမသွင်းခဲ့ပေမယ့် သူ အရမ်းကောင်းကောင်း ကစားနိုင်ခဲ့ပြီး သွင်းဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာ ဘိုင်ယန်၊ ချဲလ်ဆီး၊ ဘင်ဖီကာ၊ မန်စီးတီး၊ အင်တာ၊ အေစီ သို့မဟုတ် နာပိုလီတို့ထဲက တစ်သင်းနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က