အသင်းဖော်ကိုချီးကျူးခဲ့တာပါ။

ဗီလာနဲ့ပွဲမှာ လီဗာပူးလ်အတွက် အနိုင်ဂိုးကို ပင်နယ်တီကတဆင့် ဆာလာက သွင်းယူခဲ့ပြီး ဒီရာသီမှာ အသင်းရဲ့ပွဲစဉ်တိုင်းမှာ ဖန်တီးမှု ဒါမှမဟုတ် ဂိုးသွင်းယူမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 


လီဗာပူးလ်နောက်ခံလူအာနိုးလ်က အသင်းဖော်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး ရက်သတ္တပတ်တိုင်းမှာ စံချိန်တွေကို ချိုးဖျက်ကျော်ဖြတ်နေသူလို့ ချီးကျူးလိုက်ပါတယ်။ ဗီလာနဲ့ပွဲမှာ လီဗာပူးလ်အတွက် အနိုင်ဂိုးကို ပင်နယ်တီကတဆင့် ဆာလာက သွင်းယူခဲ့ပြီး ဒီရာသီမှာ အသင်းရဲ့ပွဲစဉ်တိုင်းမှာ ဖန်တီးမှု ဒါမှမဟုတ် ဂိုးသွင်းယူမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 



အသက် ၂၉ နှစ်အရွယ် အီဂျစ်တိုက်စစ်မှူးက ပရီးမီးယားလိဂ်မှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေကာ အန်ဖီးလ်ကလပ်အတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနေတာဖြစ်ပါတယ်။ ဆာလာက ပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးနဲ့ ဖန်တီးမှု ၁၁ ကြိမ်ကို ၂၂ ပွဲသာ ကစားပြီးချိန်မှာ လုပ်ပြထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားလို့ အားလုံးက သတ်မှတ်နေကြပြီလည်းဖြစ်ပါတယ်။ 

အာနိုးလ်က " ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်၊ ဂျရတ်ရောက်လာပြီးကတည်းက ဗီလာက အရမ်းကောင်းတဲ့ ရလဒ်တွေရခဲ့ပြီး သူက အသင်းကိုပြောင်းလဲပစ်နိုင်ခဲ့ပါတယ်၊ အရမ်းကောင်းတဲ့လူစာရင်းပိုင်ဆိုင်ထားပြီး တချို့ကစားသမားတွေက အံ့အားသင့်စရာကစားသမားတွေပါ၊ တော်တော်လေးလိုက်ကစားခဲ့ရပေမယ့်လည်း ဆာလာလို ကစားသမားရှိနေတယ်ဆိုရင် သူက အချိန်တိုင်းမှာ တခုခုလုပ်ပြနိုင်ပါတယ်"

"ဒီနေ့မှာလည်း အသင်းအတွက် သူက ကြီးမားတဲ့အရာကို လုပ်ပြနိုင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့တပတ်ကလည်း သူက အိုရီဂီအတွက် ဖန်တီးပေးခဲ့ပြီး အခုကျတော့ အနိုင်ဂိုးရှင်ဖြစ်လာခဲ့ပြန်ပါတယ်၊ သူက လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး လူအများအပြားကလည်း သဘောတူညီနေကြပါတယ်၊ ဒါကြောင့် သူက နောက်ထပ်သက်သေပြစရာတောင်မလိုတော့ပါဘူး"

"အပတ်တိုင်းမှာ စံချိန်တွေကို ချိုးဖျက်နေပြီးတော့ အခုခေတ်မှာ တခြားကစားသမားနှစ်ဦးသာ လုပ်နိုင်တဲ့အရာတွေ (မက်ဆီနဲ့ရော်နယ်ဒို) ကို သူက လုပ်ပြနေတာပါ" လို့ ပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ လာမယ့်အာဖရိကဖလားပွဲအတွက် ဆာလာကို စေလွှတ်ပေးရမှာဖြစ်ပြီး အဆိုပါအခိုက်အတန့်မှာတော့ ရုန်းကန်ရဖွယ်ရှိပါတယ်။ 

Share

က္က