ဒီဘားလားကို ခမ်းခမ်းနားနားကြိုဆိုခဲ့ကြတာပါ။

ရိုးမားကစားသမားသစ် ဒီဘားလားရဲ့ ကစားသမားသစ် မိတ်ဆက်ပွဲကို ရောမမြို့မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး ဒါဟာ ကမ္ဘာပေါ်မှာ အခမ်းနားဆုံး ကစားသမားသစ်မိတ်ဆက်ပွဲ၊ ဘုရင်တပါးလို ကြိုဆိုခံရတဲ့ပွဲလို့ ပရိသတ်တွေက မှတ်ချက်ပြုနေပါတယ်။ ဒီဘားလားဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ရိုးမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာပါ။



ဒီဘားလားဟာ အစပိုင်းမှာ ပရီးမီးယားလိဂ်ကလပ်တွေအပြင် အင်တာမီလန်ကိုပြောင်းဖို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုးမားက ခပ်မြန်မြန်ပဲ ဒီဘားလားကို ကမ်းလှမ်းခဲ့သလို မော်ရင်ဟိုကိုယ်တိုင်ကလည်း ကစားသမားကို ဖုန်းဆက်စည်းရုံးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဒီဘားလားက ရိုးမားကစားသမားဖြစ်လာခဲ့ပြီး ရောမမြို့ခံပရိသတ်တွေက သူ့ကို ခမ်းနားထည်ဝါစွာ ကြိုဆိုခဲ့ပါတယ်။ ရိုးမားပရိသတ် (၈) ထောင်ခန့်ဟာ Square Colosseum မှာ စုဝေးခဲ့ကြပြီး အိမ်ကွင်းပွဲတွေမှာ သီဆိုနေကျ သီချင်းတွေကို အော်ဟစ်သီဆိုခဲ့ကြပါတယ်။ ဒီဘားလားကတော့ ကျောနံပါတ် (၂၁) နဲ့ သူ့နာမည်ကို ရိုက်နှိပ်ထားတဲ့ ရိုးမားဂျာစီကို ဝတ်ဆင်ကာ ရိုးမာပရိသတ်တွေကိုကြည့်ရှုနေခဲ့ပါတယ်။



အလံတွေကိုပါ ဝှေ့ယမ်းပြီး ကြိုဆိုနေကြတဲ့ ရိုးမားပရိသတ်တွေရဲ့ ဒီဘားလားအပေါ် ဆက်ဆံမှုက တော်တော်လေး ခမ်းနားခဲ့တယ်လို့ပြောရမှာပါ။ ဒါ့အပြင် လူပေါင်း (၅) သောင်းကလည်း ဒီဘားလားရဲ့ ကစားသမားသစ် မိတ်ဆက်ပွဲကို YouTube က တဆင့် တိုက်ရိုက်ကြည့်ရှုခဲ့ကြပါသေးတယ်။

ရိုးမားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြမော်ရင်ဟိုနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ကို ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး လာမယ့်ရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အပြင် စီးရီးအေဖလားအတွက်ပါ ပစ်မှတ်ထားနေဖွယ်ရှိပါတယ်။ ဒီဘားလားအနေနဲ့ လာမယ့် စနေနေ့၊ အစ္စရေးမှာကစားမယ့် စပါးနဲ့ ခြေစမ်းပွဲမှာ ရိုးမားကစားသမားဘဝ ပထမဆုံးပွဲဦးထွက်ကို ပါဝင်ကစားပေးသွားဖွယ်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က