ပမာဏ ရွေးချယ် ခံထားရတာ ဖြစ်ပါတယ်။

မော်ဒယ် သရုပ်ဆောင် ဟိန်းမင်းသူကတော့ TC Candler ရဲ့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသား အယောက်(၁၀၀) ရွေးချယ် ခံထားရတဲ့ စာရင်းမှာ ပါဝင်လို့နေပါတယ်။

Photo: TC Candler FB

TC Candler ရဲ့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသားအယောက် ၁၀၀ စာရင်း မှာ မော်ဒယ် သရုပ်ဆောင် ဟိန်းမင်းသူ က ပဏာမ ရွေးချယ်ခြင်းခံရတဲ့ အယောက် ၁၀၀စာရင်း မှာ ပါဝင်နေကြောင်းကို TC Candler Page ကနေ တစ်ဆင့် သိရပါတယ်။

ဟိန်းမင်းသူရဲ့ ပရိသတ်တွေကတော့ ဒီသတင်းကြောင့် အရမ်းကို ပျော်ရွှင်နေတာကိုတွေ့ရပေမယ့် ဟိန်းမင်းသူကိုယ်တိုင်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာမှ ပြောထားခြင် မရှိသေးပါဘူး။


TC Candler ဟာ ၁၉၉၀ ခုနှစ်ကစပြီး ကမ္ဘာ့အချောဆုံးအမျိုးသားနဲ့ အမျိုးသမီးများစာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်တဲ့ အခါမှာလည်း ရုပ်ရည်တစ် ခုတည်းသာ ကြည့်တာမဟုတ်ဘဲ တစ်နှစ်တာအတွင်း social media မှာပေါ်ကလူထုအပေါ်အကျိုးပြုလုပ်ရပ်တွေနဲ့ Profile ကို သေချာလေ့လာပြီးမှသာ ရွေးချယ်တာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Photo : ဟိန်းမင်းသူ FB

၂၀၂၁ခုနှစ်တုန်းက သရုပ်ဆောင် မော်ဒယ်လ် ပိုင်တံခွန် က TC Candler ရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသား နံပတ်၁နေရာကို ရရှိခဲ့တာ တွေ့ရပါတယ်။

ဒီနှစ်မှာတော့ ဟိန်းမင်းသူက နံပတ်ဘယ်လောက် နေရာဆွတ်ခူးမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရဦးမှာပါ။

ဟိန်းမင်းသူကတော့ လတ်တလော သူရဲ့ ဖေ့စ်ဘွတ်ကနေ တစ်ဆင့်ပရိသတ်တွေအတွက် Vlog လေးတွေ တင်ပေးနေတာလည်း တွေ့ရပါတယ်။

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 က ထုတ်လွှင့်ခဲ့တဲ့ အရိပ်ဇာတ်လမ်းတွဲ ကနေ ပရိသတ်တွေ လက်ခံအားပေးမှုကိုရရှိခဲ့သူတစ်ယောက်ပါ။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေပြီး သူကိုယ်တိုင်ဖန်တီးတင်ဆက်နေတဲ့ ဗီဒီယို အတိုလေးတွေကလည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေဆဲပဲ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က