ယူနိုက်တက်က ဒင်းဟန်ဒါဆန်ကို အငှားချဖို့ ပြင်ဆင်နေတာပါ။

ယူနိုက်တက်ဟာ သူတို့ရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို နောက်တစ်ကြိမ် အငှားချဖို့ ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။ ဒီဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက ဒီဂီယာကိုကျော်လွန်ပြီး အသင်းရဲ့အဓိကဂိုးသမားဖြစ်ခဲ့တာပါ။



ဒါပေမယ့် အသက် (၂၄) နှစ်အရွယ် အဆိုပါအင်္ဂလန်ဂိုးသမားဟာ လက်ရှိဘောလုံးရာသီမှာတော့ ဒီဂီယာရဲ့နောက် အရံခုံမှာသာ ထိုင်နေရပြီး အသင်းဘက်က သူ့ရဲ့အရည်အချင်းကို အလဟဿမဖြစ်စေလိုတာကြောင့် (၁) နှစ်ခွဲစာချုပ်နဲ့ အငှားချတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ လက်ရှိရာသီမှာလည်း ယူနိုက်တက်ရဲ့ အဓိကဂိုးသမားအဖြစ် ဆက်ရှိနေမယ်လို့ ပရိသတ်တွေအားလုံး ယူဆခဲ့ကြတာပါ။

ဒါပေမယ့် ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက်ပိုင်း သူ့အနေနဲ့ သာမန်အတိုင်း ပြန်လည်ကြံ့ခိုင်လာဖို့ ရုန်းကန်ခဲ့ရပြီး အဲ့ဒီအချိန်အတွင်းမှာပဲ ဒီဂီယာကို နံပါတ် (၁) ဂိုးသမားနေရာ ပေးလိုက်ရတာဖြစ်ပါတယ်။ ဟန်ဒါဆန်အနေနဲ့ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ယူနိုက်တက်ကတော့ ဒီလိုမျိုး ဟန်ဒါဆန်ကို အငှားချလိုက်မယ်ဆိုပေမယ့် အပြီးသတ်ရောင်းချသွားဖို့တော့ ဆန္ဒမရှိဘဲ တစ်ချိန်ချိန်မှာ အသင်းရဲ့အဓိကဂိုးသမားအဖြစ် ပြန်လာနိုင်ဖို့ မျှော်လင့်ထားဆဲပါ။

လူငယ်ကစားသမားဘဝတည်းက ယူနိုက်တက်ကို ရောက်ရှိနေတဲ့ ဒီကစားသမားဟာ အသင်း (၄) သင်းအထိ အငှားနဲ့ သွားကစားခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်မှာ လက်စွမ်းပြနိုင်ခဲ့တဲ့နောက် ယူနိုက်တက်ရဲ့ နံပါတ် (၁) ဂိုးသမားနေရာကို အပိုင်စားရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ဟန်ဒါဆန်အနေနဲ့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း ဆက်တိုက်ဆိုသလို လွဲချော်ခဲ့ပြီး လာမယ့်ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့အတူ ပါဝင်ခွင့်ရဖို့ အခွင့်အရေးနည်းပါးနေပါပြီ။ ဟန်ဒါဆန်ကို ခေါ်ယူဖို့အတွက်တော့ နယူးကာဆယ်က သတင်းတွေထွက်ပေါ်နေပြီး ဒီကစားသမားကို ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ အခြားသောအသင်းတွေနဲ့အပြိုင် ကမ်းလှမ်းနိုင်ဖို့တော့ လိုအပ်နေပါတယ်။ 

Share

Loading Next Article...
က္က