အီးယူရဲ့ ဆန်ရှင်နဲ့ အညီ လုပ်ဆောင်တာလို့ ပြောပါတယ်

ကမ္ဘာ့အင်တာနက် Web လမ်းကြောင်းအားလုံးရဲ့ ၂၅% ကို တာဝန်ယူနေတဲ့ Cogent Communications ဟာ ရုရှားဖောက်သည်တွေနဲ့ အဆက်ဖြတ်လိုက်ပြီလို့ ဆိုပါတယ်။

အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့် ဖိုက်ဘာအင်တာနက်ကွန်ရက်ချိတ်ဆက်ရေးကုမ္ပဏီ Cogent Communications ဟာ သောကြာနေ့က စပြီး ရုရှားဖောက်သည်တွေနဲ့ စီးပွားရေးလုပ်ဆောင်မှုကို ရပ်လိုက်တာ ဖြစ်တယ်လို့ The Washington Post သတင်းက ဖော်ပြပါတယ်။ ရုရှားအစိုးရအဖွဲ့အနေနဲ့ Cognet ဖိုက်ဘာကွန်ရက်ကို သုံးပြီး ယူကရိန်းပေါ် ကျူးကျော်မှု တရားကြောင်း ဝါဒဖြန့်ချိတာတွေ နဲ့ ဆိုက်ဘာတိုက်ခိုက်တာတွေ မလုပ်နိုင်အောင် ပိတ်လိုက်တာလို့လည်း ပြောပါတယ်။ 





"ကျွန်တော်တို့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှ ထိခိုက်ဖို့ မဟုတ်ပါဘူး။ ရုရှားအစိုးအရအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးစစ်တုရင်ခုံပေါ်မှာ နောက်ထပ် ကိရိယာတစ်ခုအနေနဲ့ သုံးတာမျိုး မဖြစ်စေချင်ရုံပါပဲ" လို့ Cogent အမှုဆောင်အရာရှိချုပ် ‌ဒေ့ဗ် ရှအက်ဖာက ပြောပါတယ်။ 

ဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပြီး ကုမ္ပဏီအနေနဲ့ အီးယူရဲ့ Russia Today နဲ့ Sputnik တို့ပေါ် ဆန်ရှင်ချမှတ်မှုနဲ့ အညီ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ရှအက်ဖာက ဆိုပါတယ်။ အင်တာနက်ကေဘယ်ချိတ်ဆက်ရေးဝန်ဆောင်မှု ပေးနေတဲ့ Cogent ဖောက်သည်တွေထဲမှာ ရုရှားအစိုးရပိုင် တယ်လီကွန်း Rostelecom ၊ ရုရှား Search Engine ဝန်ဆောင်မှု Yandex နဲ့ ရုရှားရဲ့ အကြီးဆုံး မိုဘိုင်းအော်ပရေတာတွေ ဖြစ်တဲ့ MegaFon နဲ့ VEON တို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ 

ရုရှားထိပ်တန်းကုမ္ပဏီကြီးတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ က ဖောက်သည်တွေကို ဝန်ဆောင်မှု ပေးနေတဲ့ Cognet ရဲ့ ကမ္ဘာ့ကွန်ရက်ကနေ ရုရှားကို ဖြုတ်လိုက်တာကြောင့် အင်တာနက်ချိတ်ဆက်မှု နှေးကွေးသွားနိုင်ပေမယ့် ရုရှားတွေကို အင်တာနက်ဆက်သွယ်မှု လုံးလုံးလျားလျား ဖြတ်တောက်နိုင်မှာတော့ မဟုတ်ဘူးလို့လည်း Kentik ကွန်ရက်ခြေရာခံရေး ကုမ္ပဏီရဲ့ အင်တာနက်ဈေးကွက်လေ့လာသူ ဒေါ့ဂ် မက်ဒိုရီက ဆိုပါတယ်။


ရုရှားအစိုးရဟာ သတင်းအရင်းအမြစ်တွေနဲ့ Facebook ၊ Twitter လို လူမှုကွန်ရက်ပလက်ဖောင်းတွေကိုလည်း ပိတ်ထားတာ ဖြစ်လို့ ရုရှားနိုင်ငံသားတွေအတွက် ပြင်ပသတင်းအချက်အလက် ရယူမှု ပိုအခက်အခဲတွေ့နေကြပါတယ်။ မကြာခင်မှာ Wikipedia ဝင်ကြည့်မှုပါ ပိတ်သွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က